အိန္ဒိယကြက်သွန်နီဈေး ယခင်နှစ်ထက် ၈၀ ရာခိုင်နှုန်း ပိုမို

Thu, 05/09/2013 - 11:09 -- admin

အိန္ဒိယနိုင်ငံရဲ့ ကြက်သွန်နီဈေးဟာ နှစ်စဉ်ဖြစ်ပေါ်တဲ့ဈေးနှုန်း တွေထက် ပိုမိုပြီး၊ စားသုံးသူတွေအတွက် ထပ်မံပြီး၊ ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေပြန်ပါတယ်။ ဒေလီမှာ ကြက်သွန်နီတစ်ကီလို ရူပီး ၂၀-၂၅ (ကန်ဒေါ်လာ သုည ဒသမ ၃၆ - သုည ဒသမ ၄၆)အတွင်းရှိ လို့ ယခုနှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပေါက်ဈေးထက် ၆၀-၈၀ ရာခိုင်နှုန်းကျော်လွန်နေတယ်လို့ Business  Standard သတင်းအရ သိရပါတယ်။ ဒေလီမှာ လက်လီ လက်ကားဈေး ၂ ခုအကြား ကွာခြားမှုက ၁၀၀-၁၅၀ ရာခိုင်နှုန်းရှိ နေလို့ လက်လီရောင်းချသူများ အမြတ် ကြီးစားနေတယ်ဆိုတာ ထင် ရှားနေပါတယ်။ တစ်နည်းအားဖြင့် လက်ကားဈေးက အရင်နှစ်ထက် ပိုမိုမြင့်မားပေမယ့်လည်း လက်လီဈေးကွက်မှာ စားသုံးသူတွေ ပေးဝယ် နေရတာက အချိုးမညီ မမျှတအောင်ကို မြင့်တက်နေတယ်လို့ ဆိုပါတယ်။စားသုံးသူရေးရာဌာနမှ တရားဝင်စာရင်းများအရ ဒေလီမြို့မှာ စားသုံးသူပျမ်းမျှဈေးနှုန်းက ၂၀၁၂ ဖေဖော်ဝါရီ မှ ဒီဇင်ဘာလကုန် အထိ လက်လီဈေး ၅၀ ရာခိုင်နှုန်းပိုမိုပြီး၊ တစ်ကီလို ရူပီး ၂၀ ဒသမ ၅၃ (ကန်ဒေါ်လာ သုည ဒသမ ၃၇)ရှိတယ် လို့ဆိုပါတယ်။