ပြည်တွင်းကုန်သွယ်မှု

Post date: 28/05/2012

ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း  အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ

Post date: 28/05/2012

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မြန်မာနိုင်ငံဆန်စပါးအသင်းရုံးတွင် မေ ၁၉ ရက်မှာ နွေစပါးဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ တယ်။ထိုအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေး ဒုတိယဦးစီးမှူး၊ ကုန်သွယ် လယ်ယာ ခရိုင်မန်နေဂျာ၊ မြို့နယ်နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးလုပ် ငန်း ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ နွေစပါးရောင်းချ လိုတဲ့

Post date: 25/05/2012

သရက်ရာသီရောက်လာတဲ့အတွက် မူဆယ်ကိုသရက်ကားတွေတက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က သရက်သီးစိမ်းတစ်လုံးအိတ်စွပ်  ၁၅ ကီလို တစ်ဖာတရုတ်ငွေ ယွမ် ၁၀၀ ကျော် (၁၃၁၀၀ ကျပ်ကျော်)၊ သရက်သီးစိမ်းရိုးရိုးတစ်ဖာ ၄၀၊ ၄၅ ယွမ် (၅၂၄၀ ကျပ်-၅၈၉၅ ကျပ်)၊ ဟင်္သာတစ်ဖာ အိတ်စွပ် ၉၀ ယွမ်၊ ဟင်္သာရိုးရိုး တစ်ဖာ ၄၀ ယွမ် (၅၂၄၀ ကျပ်)၊ ရင်ကွဲတစ်ဖာ ၆၀ ယွမ် (၇၈၆၀ ကျပ်)ရတယ်လို့

Post date: 25/05/2012

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) ပထမထပ်အစည်းအဝေး ခန်းမတွင် မေလ ၂၁ ရက်နေ့ နံနက် ၀၉း၀၀ ချိန်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လု့ိ သတင်းရရှိပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို့

Post date: 25/05/2012

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေ ခံတဲ့နိုင်ငံတစ်ခုဖြစ်သည်နဲ့အညီ စိုက်ပျိုးရေးထွက် ကုန်တွေကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ယခင်က ကုန်ကြမ်း (Raw)   အဖြစ်သာ တင်ပို့ခဲ့ ရာ နောက်ပိုင်းမှာ တန်ဖိုးမြင့်ထုတ်ကုန် Value Added   အဖြစ် ထုတ်လုပ်တင်ပို့လာကြပါတယ်။ ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ဈေးနှုန်းအားဖြင့်ပိုမိုရရှိသဖြင့်

Post date: 21/05/2012

လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှု ပိုလျှံသည့် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်း အဆိုပါ ပစ္စည်းများမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို လည်း ပြည်ပပို့ကုန်ဝင်ငွေ ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့

Post date: 21/05/2012

ယခုတစ်ပတ်မှာ ပြည်ပဲလွန်းဖြူ ဈေးကွက်ကို ပဲအဝင် နည်းလာခဲ့ပြီး၊ ပဲတစ်တင်းကို ၁၂၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ယခင်အပတ်များက ပဲတစ်တင်းကို ၁၂၅၀၀ ကျပ်နဲ့ ဈေးငြိမ် နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့

Post date: 21/05/2012

ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅၀၀ ကျပ်ဈေးနဲ့ ယခင် တစ်ပတ်ထက် ဈေးမြင့်လာပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း  အဝင်ရှိ သလောက် အရောင်းလည်းရှိနေပါတယ်။ မြို့ခံပဲ လှောင်လက်သမားများနဲ့

Post date: 14/05/2012

ပြည်ပဲစင်းငုံမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ တစ်တင်းကို ၁၂၅၀၀ ကျပ် - ၁၂၇၀၀ ကျပ်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့  တစ်တင်းကို ၁၃၃၀၀ ကျပ်ရှိနေပါတယ်။ မကွေးတိုင်းဒေသကြီးဘက်မှ အဝင်ရှိလာတဲ့ ပဲများမှာ လက်ကျန် ပဲများထက် အနည်းငယ် အရည်အသွေးသာလွန်နေတာကြောင့်

Post date: 14/05/2012

ပြည်ဈေးကွက် ကုလားပဲဈေးမှာ ယခင်တစ်ပတ်ဈေးတက်ပြီး သိသိသာသာ ဈေးကောင်း ရနေတာကိုတွေ့ရ ပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၃၀၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တင်း ၁၉၆၀၀ ကျပ်ထိ ဈေးကောင်း ရနေပါ တယ်။ ဈေးကောင်းရနေခြင်းမှာ

Pages