ပြည်တွင်းကုန်သွယ်မှု

Post date: 20/09/2011

ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် အနည်းငယ်မြင့်လာခဲ့ပါတယ်။ ပဲကြီး (ကမ်းနား)တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) ကတော့ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း

Post date: 20/09/2011

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ် စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စအမျိုးအစားမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရ ပါတယ်။

Post date: 19/09/2011

ပဲခူးတိုင်းဒေသကြီး(ပြည်)တွင် ဆောင်းသီးနှံဖြစ်သော ဘိုကိတ်သီးနှံစိုက်ပျိုးသည့် မြို့နယ်များမှ ဘိုကိတ် မျိုးများ စတင်ဝယ်ယူနေပြီ လို့သိရပါတယ်။ ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ အနည်းငယ်ညံ့သော ဘိုကိတ်မှာ ၁၀၀၀၀ ကျပ်အောက်ရှိကြောင်း သိရပါတယ်။

Post date: 19/09/2011

ပြည်ပဲပုပ်မှာ ယခုတစ်ပတ်ထိ ပိဿာ ၂၀ တစ်တင်းကို ၁၇၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။ ပြည်ဈေး ကွက်တွင် ပဲပုပ်လက်ကျန် နည်းလာတဲ့အတွက် လက်လီသမားဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လက်လီဝယ်ယူသူများမှာ အများအားဖြင့် ပဲပြား လုပ်ငန်းရှင်များဖြစ်ပြီး၊ တစ်နေ့ ၁၅ အိတ်ခန့် အဝယ်ရှိတယ် လို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး(ပြည်)အတွင်းရှိ  ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲပုပ်ဧက ၁၇၈၁ ဧက စိုက်ပျိုးထားကြောင်း သိရပါတယ်။
ဆုမွန်ဆွေ - ပြည်

Post date: 19/09/2011

ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး၊ ယခုတစ်ပတ်တွင် တစ် တင်း ၂၀၃၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုရက်အတွင်း မန္တလေးဘက်မှ အဝယ်ရှိတဲ့အတွက် ဈေးမြင့်လာ ခြင်းဖြစ်ပါတယ်။ ဒေသတွင်း ခွဲစက်သမားများကတော့ ခွဲခြမ်း ရောင်းချမှု ပုံမှန်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ် ရှိပြီး၊ မန္တလေးဝယ်လက်ရှိသော နေ့များတွင် တစ်နေ့အိတ် ၄၀၀- ၅၀၀ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။
လွင်လွင်ဆန်း - ပြည်

Post date: 19/09/2011

ပြည်ဈေးကွက်အတွင်း ထောပတ်ပဲသီးနှံမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်ပြီး၊ ဈေးနှုန်းအနေဖြင့် တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။ မြို့တွင်းလက်လီသမားများ ဝယ်ယူမှုရှိတာကြောင့် တစ်ရက် ၁၀ အိတ်ခန့်အရောင်းအဝယ် ဖြစ်ပြီးရန်ကုန်၊ ပုသိမ်ဘက်မှ လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း- ပြည်

Post date: 19/09/2011

ပြည်သစ်သီးဈေးကွက်အတွင်း ဒေသထွက် သြဇာသီးများ သြဂုတ်လဆန်းပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုစက်တင်ဘာလလယ်မှာ တော့ အဝင်နည်းလာတာကို တွေ့ရပါတယ်။ မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာလိုက်၊ နေပူလိုက် အချိန်မှာ သြဇာသီးများရင့်မှည့်တာ ဖြစ်ပါ တယ်။ ယခုနှစ်မှာတော့ မိုးရွာသွန်းမှုများတာကြောင့် သြဇာသီးအထွက် နည်းပြီး အလုံးညှက်တယ်လို့သိရပါတယ်။
ပေါ်စချိန်က သြဇာသီးအလုံးအကြီးအသေးအလိုက် ၁၀၀ ကျပ်မှ ၂၅၀ ကျပ်ဈေးထိ ရှိပေမယ့် ယခုအချိန်မှာတော့ အလုံးသေး ၃ လုံး ၁၀၀ ကျပ်ရှိပြီး အချော ၁ လုံးလျှင် ၁၅၀ ကျပ် ရှိကြောင်း သိရပါတယ်။
အိဆွေဇင် - ပြည် 

Post date: 16/09/2011

ပြောင်းလဲလာသော ခေတ်နဲ့အညီ ယခင် ၄-၅ နှစ်ခန့်က ပုသိမ်မြို့တွင်း သွားလာရာတွင် စက်ဘီးများကိုသာ အဓိက အသုံးပြု လျက်နေရာမှာ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး၊ ခရီးတွင်ကျယ်မှုရှိသော မော်တော်ဆိုင်ကယ် များကို ပုသိမ်မြို့တွင်း မြို့နယ်များနဲ့ ကျေးရွာများတွင်လည်း နေရာအနှံ့အသုံးပြုလျက်ရှိပါတယ်။
ပုသိမ်ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်၍ လူကြိုက်များသော ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ရိုးမရာဇာ Stream  110 ဆိုင်ကယ်ဈေးနှုန်းများမှာ

Post date: 15/09/2011

ကျောက်ဆည်နယ် ငရုတ်ဈေးကွက်မှာ မိုးထောင်ငရုတ်ဟာ ယခင်နှစ်က တစ်တင်းကို ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်မှာ မိုးထောင်ငရုတ်တစ်တင်းကို ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က ဒီမွန် ငရုတ်တစ်တင်းလျှင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်မှာ ၆၀၀၀ ကျပ်ဈေးမှ ၆၅၀၀ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က သာမိုငရုတ်အသေး တစ်တင်းလျှင်

Post date: 09/09/2011

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ကသဲကုန်းကျေးရွာ၊ ရွာမုန်းကြီးကျေးရွာ၊ ကျွန်းလှကျေးရွာနဲ့ ချင်းရွာများတွင် သြဂုတ်လဒုတိယပတ်မှစ၍ ဆောင်းကြက်သွန်များစိုက်ပျိုးနေကြပါပြီ။ ကြက်သွန်အမှန်စိုက်ပျိုးရာသီ ဟာ အောက်တိုဘာလနဲ့ နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ယခုနှစ်မှာတော့ ကြက်သွန်စိုက်တောင်သူများ အနေနဲ့ ဥခြောက်မှစိုက် ပျိုးလျှင် ပျိုးသက်များရင့်မည်စိုး၍ ရေထဲ၊ မိုးထဲမှာဘဲ စိုက်ပျိုးနေကြပါပြီ။ ကြက်သွန်တစ်ဧက အထွက်စိုက်ပျိုးခမှာ

Pages