ပြည်တွင်းကုန်သွယ်မှု

Post date: 26/09/2011

ပြည်ဈေးကွက်တွင် ပဲတီစိမ်းသီးနှံမှာ အဝင်မရှိသလို လက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ် အေးနေခဲ့ပါတယ်။ စက်တင်ဘာလလယ်မှစ၍ မျိုးပဲဝယ်ယူမှုများရှိလာခဲ့ပြီး တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့ ကြပါတယ်။

Post date: 26/09/2011

ပြည်ဈေးကွက်တွင် ပဲကြီးဈေးနှုန်းမှာ ယခင်အပတ်ကအတိုင်း ဈေးငြိမ်လျက်ရှိပါတယ်။ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် ပဲလှော်ဖိုလုပ်ငန်းသမားများ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၅၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲကြီး (ရွှေကျွန်း) ကတော့ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း

Post date: 23/09/2011

မြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ မုံရွာနှင့် ဟိုပင်မြို့များသို့ မန္တလေးဈေးကွက်မှ သံလုံးနှင့် ဘိလပ်မြေများ ယခုတစ်ပတ်အတွင် တင်ပို့မှုများလာကြောင်းသိရပါတယ်။ မိုးတွင်းကာလဖြစ်လို့ လဆန်းပိုင်းက အရောင်းအဝယ်အေးလျက်ရှိရာမှ ယခုတစ်ပတ်ကစ၍ မြန်မာနိုင်ငံ အထက်ပိုင်းမှ သံလုံးနှင့်ဘိလပ်မြေမှာယူမှုများလို့ အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်ကြောင်း
Post date: 23/09/2011

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးလက္ကားကုန်စည်ဒိုင်စတင်တည်ထောင်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ တစ်နေ့တန် ၃၀ ကျ ပဲပုပ်၊ ပြောင်း၊ ဝဥ၊ စပါးနှင့် သီးနှံအခြောက်ခံစက်သစ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်က လားရှိုးမြို့က ယာဉ်ငယ် ဝင်းရှိ စက်တည်ဆောက်ထားတဲ့နေရာမှာ

Post date: 23/09/2011

ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသထွက်ကုန်များတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေထွက်ပစ္စည်းများ နှစ်ရှည်သီးနှံများ၊ ရာသီသီးနှံ များ၊ အမယ်သစ်သီးနှံများမှ ပြည်ပဝင်ငွေရရှိနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဆားထုတ်လုပ်မှု သုံးပုံနှစ်ပုံရှိသော ဧရာဝတီတိုင်းဒေသကြီး အတွင်း ပိုလျှံဆားများကိုလည်း ပြည်ပသို့ တင်ပို့နိုင်ရန်
Post date: 23/09/2011

ဧရာဝတီတိုင်းဒေသကြီး ပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် ရည်ရွယ်၍စက်သုံးဆီ ကုန်ကျစရိတ် သက် သာသော စပါးခွံဓါတ်ငွေ့သုံး သံဘော်ဒီ ပုသိမ်သူ (၁၁) ရှပ်ပြေးအမြန်ရေယာဉ်ကို ပုသိမ်ခရိုင်ငပုတောမြို့နယ် ဂုံညင်းတန်းကျေးရွာ အုပ်စု သရက်တောကျေးရွာ ကျေးလက်ဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းမှ

Post date: 21/09/2011

မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်)ကို စက်တင်ဘာ ၁၁ ရက်နေ့က မြနန္ဒာစားသောက်ဆိုင် (ဧရာဝတီမြစ်အနီး) မန္တလေးမြို့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်)တွင် နာယက ၂ ဦး၊ အလုပ်အမှုဆောင် ၂၁ ဦးနဲ့ အသင်းဝင်အင်အား ၆၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း

Post date: 21/09/2011

ယခုအပတ် အောင်ပန်းဈေးကွက်သို့ နောင်တရား၊ သရက်ပု၊ ပဲယင်းတောင်၊ မြေခြား၊ ဟဲဟိုးဖက်မှ မျိုးအာလူးတွေ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၃-၄ သိန်းခန့် ဝင်ရောက်နေပါတယ်။ ယခင်နှစ်ထက်စာရင် ယခု နှစ်မှာ အာလူးအထွက်များလို့ ဈေးကျနေပြီး လက် ရှိပေါက်ဈေးကတော့

Post date: 21/09/2011

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနေ့ဆုကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း မှ ပထမဆုံးအကြိမ်ရရှိ ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆုပေးပွဲကို တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့တွင် အောက်တိုဘာ ၁၀ ရက်၊ ၁၄ ရက်နေ့ အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်အသင်းဥက္ကဌဒေါက်တာ အောင်ကြီးမှ ဆုသွားရောက်ယူ မည်ဖြစ်ကြောင်း

Post date: 20/09/2011

စပါးကောင်းရဖို့နဲ့ မိုးမိစပါးများ အကျိုးအကြေများပြီး ဆန်ဝါမဖောက်ဖို့ အခြောက်ခံစက်အသုံးပြုသင့် ကြောင်း၊ ဦးသောင်းဝင်း (သောင်းဝင်းဆန်စက်အင်ဂျင်နီယာလုပ်ငန်း)ကပြောပါတယ်။ နွေစပါးမှာ ဆန်ဝါအမြဲ ပါတတ်တယ်။ ဆန်ဝါ ပါတော့ ဈေးကောင်းလည်းမရဘူး။ ကွင်းထဲထားတဲ့စပါးက နေ့ပူ၊ ညအေးအစိုဓါတ် တက်လိုက်၊ ကျလိုက် ဒါတင်မက အခြောက်ခံတဲ့ နည်းစနစ်မမှန်လို့ စပါးစေ့အတွင်းမှာရှိတဲ့ ဆန်သားက အက်ကြောင်းတွေ အဆစ်ဆစ်ဖြစ်သွားတတ်တယ်။

Pages