Bridgestone တာယာမှ ဆီစားသက်သာသည့် Ecopia 200 တာယာအား စတင်မိတ်ဆက်

Fri, 12/05/2014 - 12:05 -- admin_ygn

   ဂျပန်နိုင်ငံအခြေစိုက် Bridgestone Corporation သည် ဆီစားသက်သာပြီး တာယာပွန်းပဲ့မှုဒဏ်ကိုခံနိုင်သည့် Ecopia 200 တာယာမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
   အဆိုပါ Ecopia 200 တာယာသည် အခြားသော တာယာများထက် ၁၆ ဒသမ ၄ရာခိုင်နှုန်းအထိပိုမိုသက်သာသောဆီစားနှုန်းကိုပေးစွမ်းနိုင်ကြောင်းသိရသည်။ Ecopia 200 တာယာများကို တပ်ဆင်ထားသော မော်တော်ကားများတွင် ဆီတိုင်ကီ ၆တိုင်ကီမှ ၁၂ တိုင်ကီသုံးလျှင်ဆီတစ်တိုင်ကီသက်သာကြောင်း၊ အခြားတာယာများ တပ်ဆင် ထားသော မော်တော်ကားများနှင့်နှိုင်းယှဉ်ချက်များအရသိရသည်။ အဆိုပါ Ecopia 200 တာယာအား စမ်းသပ်ချက်တစ်ခုပြုလုပ်ရာတွင် Ecopia 200 တာယာတပ်ဆင်ထား သည့်ကားနှင့် အခြားအမှတ်တံဆိပ်တစ်ခုစီသီးခြားတပ်ဆင်ထားသည့် ကားနှစ်စီးတို့အား နှိုင်းယှဉ်၍စမ်းသပ်မောင်းနှင်ခဲ့ကြောင်း၊ အဆိုပါတာယာအမျိုးအစားသုံးမျိုးတပ်ဆင် ထားသည့်ကားသုံးစီးကို ရန်ကုန်မှဘုရားကြီးအထိအသွားအပြန် ကီလိုမီတာ ၁၄၀ ရှိသည့်ခရီးကို ကျွမ်းကျင်သော ယာဉ်မောင်းသုံးဦးက မောင်း နှင်စမ်းသပ်ခဲ့ကြောင်း၊ ယင်းကဲ့ သို့မောင်းနှင်စမ်း သပ်ခဲ့ရာတွင် Ecopia 200 တာယာတပ်ဆင်ထားသည့်ကား၏ ဆီစားနှုန်းမှာ ၆ ဒသမ ၈၈ လီတာရှိပြီး ထိုင်းနိုင်ငံထုတ်တာယာတပ်ဆင်ထားသည့် ယာဉ်၏ ဆီစား နှုန်းမှာ ၇ ဒသမ ၄၇လီတာရှိကြောင်း၊ တရုတ်နိုင်ငံထုတ် တာယာတပ်ဆင်ထားသည့် ယာဉ်၏ဆီစားနှုန်းမှာ ၈ ဒသမ ၀၁ လီတာရှိကြောင်း၊ ယင်းစမ်းသပ်ချက်များအရ Ecopia 200 တာယာသည် ဆီစားနှုန်းသက်သာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ပြင်တာယာပွန်းပဲ့မှုနှုန်းမှာလည်း အခြားတာယာများထက်နည်းပါးသည်ကိုတွေ့ရှိ ရကြောင်းဖြင့် Bridgestone Asia Pacific Pte. Ltd.(Myanmar Branch Office) မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
   Bridgestone Corporation  မှ ထုတ်လုပ်သည့် Ecopia 200 တာယာကို မြန်မာနိုင်ငံ၏ တာယာအရောင်းကိုယ်စားလှယ်များထံတွင်ဝယ်ယူနိုင်ကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages