စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများ အနေဖြင့် အရည်အသွေး အပေါ်မူတည်၍ ဧပြီလ၊ စတုတ္ထပတ်တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် နွေရာသီကာလများတွင် ကွမ်းအထွက်နှုန်း တိုးသော်လည်း ယခုနှစ် နွေရာသီမှာ အပူချိန်မြင့်မားသည့်အတွက် ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးများ ကျရောက်ကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးခြင်း၊ နှစ်သစ်ကူး သင်္ကြန်ကာလတွင်းနှင့် သင်္ကြန်အပြီး ကာလများတွင် ဈေးကွက်ဝယ်လိုအား များပြားခြင်းတို့ကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက် ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
DOCA (စစ်ကိုင်း)