၂၀၁၅ ခုနှစ် ဆိပ်ဖြူကုန်စည်ဒိုင်ရဲ့ ဂုဏ်ပြုစရာ

Thu, 01/15/2015 - 10:40 -- admin_ygn

   ဆိပ်ဖြူကုန်စည်ဒိုင်မှာ အဓိကထား ရောင်းဝယ်နေကြတာကတော့ ဆိပ်ဖြူမြို့နယ်ရဲ့ အဓိကထွက်ကုန် ကြက်သွန်နီဖြစ်ပါတယ်။ မိုးစိုက် (ဥစိုက်) ကြက်သွန်နီများဖြစ်ပါ တယ်။ နေ့စဉ်ပိဿာချိန် ၅၀၀၀ ခန့် အဝင်ရှိနေတာတွေ့ရပါတယ်။ ဈေးတွေအနေနဲ့ ထိပ်စ ၂၅၀ ကျပ်၊ ၂၆၀ ကျပ်၊ အလတ်စ ၁၈၀ ကျပ်၊ ၂၀၀ ကျပ်၊ အောက်စ ၁၂၀ ကျပ်၊ ၁၀၀ ကျပ်ဈေးများ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သတင်းရရှိပါတယ်။ ဆိပ်ဖြူကုန်စည်ဒိုင် အတွင်းရေး မှူး ဦးဝင်းမြင့်ထံမှ သတင်းရရှိတာကတော့ သူတို့ဆိပ်ဖြူကုန်စည်ဒိုင်မှာ ကြက်သွန်နီရောင်းချတဲ့အခါမှာ တောင်သူကိုယ်တိုင်ဖြစ် စေ၊ တောပွဲစား တောကုန်သည်ဖြစ်စေ၊ ကုန်စည်ဒိုင်ကို တိုက်ရိုက်ဝင်ရောက် ရောင်းချခွင့်ပြုတယ်ဆိုတဲ့သတင်းပါ။  
   ခါတိုင်းရောင်းဝယ်မှုပုံစံက စိုက်ပျိုးထုတ် လုပ်တဲ့တောင်သူဖြစ်စေ၊ တောပွဲစား တောကုန်သည်ဖြစ်စေ ဆိပ်ဖြူကိုရောက်ရင် ကိုယ်နဲ့ ပတ်သက်ရာဆက်နွယ်ရာ အဆက် အသွယ်ရှိတဲ့ ပွဲရုံကိုဝင် ပွဲရုံကပွဲစားက ဒိုင်တင်၊ ယနေ့ ဖြတ်တဲ့ဈေးနဲ့အရောင်းအဝယ်ဖြစ်ပြီဆိုရင် ပွဲရုံပိုင် ရှင်ကရောင်း၊ ပွဲစားက ပွဲခစားဆိုတာတွေလုပ်ကြရပါတယ်။
   ယခုအနေအထားက ပွဲရုံကိုဝင်စရာမလို ဘဲ  ကုန်စည်ဒိုင်မှာ တိုက်ရိုက်ဝင်ရောက် ရောင်းချခွင့်ပြုပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်ပြီဆိုရင် ကိုယ်တိုင်ပဲ ငွေပေးငွေယူလုပ် ရုံပါ။ ပွဲစားခဆိုတာတွေ မပေးရတော့ပါဘူး။ ဒါတင်မကသေးပါဘူး။  ဒီနေ့  ဒိုင်မှာဖြစ်တဲ့ဈေး ရောင်းချသူက မကြိုက်လို့၊ မကိုက်လို့ အရောင်း အဝယ်မဖြစ်ခဲ့ရင် သူတို့မှာပါတဲ့ ကုန်စည်တွေ ကို နီးစပ်ရာပွဲရုံတွေမှာ ပစ္စည်းအပ်ထားခဲ့လို့လည်းရပါတယ်။ ဒါကိုလည်း ဆိပ်ဖြူ ကုန်စည်ဒိုင်မှပွဲစားများကဝန်ဆောင်မှု  လုံးဝမယူဘဲ အကူအညီပေးပါတယ်လို့  ဆိပ်ဖြူ ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဝင်းမြင့်က ရှင်းလင်းပြောပြပါတယ်။ ဒီလို ဘာအတွက်လုပ်ဆောင်ပေးတာလည်း ဆိုတာရှင်းပြပေးပါဦးဆိုတော့ ပြီးခဲ့တဲ့နှစ်က ကိုယ့်နယ် က ကြက်သွန်စိုက်တောင်သူ တွေ ဈေးကွက်ဈေးနှုန်းသုံးသပ်ချက် အားနည်းကြလို့ အရှုံးပေါ်ခဲ့ကြတယ်။ အထိနာသူလည်းရှိတယ်။ ဒီအတွက် မိုးကြက်သွန်နီစိုက်ပေါ်လို့ ရောင်း တဲ့အချိန်မှာ သူတို့ သက်သာအောင် ပွဲခမယူ၊  သိုလှောင်ရုံထားခမယူဘဲ  အဆင်ပြေအောင်  ဆိပ်ဖြူကုန် စည်ဒိုင်မှာရှိတဲ့ ကုန်သည်ပွဲစားများညှိနှိုင်းဆောင်ရွက်ပြီး  အကူ အညီပေးတဲ့သဘောပါလို့ ရှင်းလင်းပြောကြားပါတယ်။ ယခုအချိန်ထိ ကုန်စည်ဒိုင်မှာ အသင်းသား ၇၉ ဦး၊ တောင်သူများ၊ တောပွဲစား၊ တောကုန်သည်များပါ ထပ်မံဝင်ရောက် လာကြောင်းလည်း ပြောပြပါတယ်။ နိုင်ငံတော်က လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေတယ်ဆိုတာ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ရောင်းချ မှုလျင်မြန်လွယ် ကူစေဖို့ ဈေးနှုန်းဈေးကွက်ကို အချိန်နဲ့တစ်ပြေးညီသိစေဖို့ ရည်ရွယ်တာပါ။   
   ယခုအနေအထားမှာ ဆိပ်ဖြူ ကုန်စည် ဒိုင်က ကုန်သည်ပွဲစားများဟာ ပွဲခမယူ၊ ကုန်ပစ္စည်းထားခ မယူဘဲ စေတနာအပြည့်အဝနဲ့ ဆောင်ရွက်ဝန်ဆောင်မှုပေးနေတာဆိုတော့ ၂၀၁၅ ခုနှစ် နှစ်သစ်ကူးမင်္ဂလာ အခါသမယမှာ ဦးညွတ်ဂုဏ်ယူပါတယ်လို့ ဆိပ်ဖြူကုန်စည်ဒိုင်ကို ဂုဏ်ပြုပြောပါရစေ။

မြင့်ဦး-ပခုက္ကူ

Local Trade News

Pages