ကျောက်ဆည်ခရိုင် ငရုတ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေနေ

Fri, 07/02/2021 - 07:55 -- admin_ygn

ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင်  ငရုတ်ကို ကျောက်ဆည်မြို့နယ်တွင် ၁၉၀၂ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၀၁၆ ဧက၊  မြစ်သားမြို့နယ်တွင် ၆၇၇၆ ဧက၊   တံတားဦးမြို့နယ်တွင် ၉၂၉ ဧက၊ စုစုပေါင်း ၁၀၆၂၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏  စာရင်းများ အရ သိရှိရသည် ။ငရုတ်သီးကို   ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးခဲ့ပြီး မေလတွင် စတင်ခူးဆွတ်ကြကြောင်း၊   ငရုတ်မျိုးအနေဖြင့် အထွက်နှုန်း  ကောင်းမွန်သော သာမို ၊ ဒီမွန် ၊ ၆၉၂ မျိုးများ ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည် ငရုတ်စိုက်ပျိုးမှုအနေဖြင့် ငရုတ်တစ်ဧကလျှင် ကုန်ကျ စရိတ် ကျပ် ၄၅၀ဝ၀ဝ ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုနှစ် တွင် မိုးရွာသွန်းမှုမကောင်းသောကြောင့် အပင်များဖြစ်ထွန်းမှု နည်းပါး၍ အသီး၊ အပွင့်နည်းပါးကြောင်း ငရုတ်စိုက်တောင်သူ တစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။ငရုတ်သီးဈေးကွက်အနေဖြင့် ငရုတ်အစိုတစ်တင်းလျှင် ကျပ် ၈၀ဝ၀မှ ကျပ်  ၈၅၀ဝ၊  ငရုတ်အစိုတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ကျပ်  ၁၂၀ဝ ၊ ငရုတ်အခြောက်တစ်တင်းလျှင် ကျပ်  ၉၀ဝ၀ မှ ကျပ်  ၉၅၀ဝ၊ငရုတ်အခြောက်တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ကျပ်  ၃၈၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ပွဲရုံများမှ သိရှိရသည်။       
နှင်းလဲ့လဲ့ (ကျောက်ဆည်)

Local Trade News

Pages