ဧရာဝတီ မိုးစပါးစိုက်တောင်သူများ ယခင်နှစ်ထက် ဈေးပိုရပြီး အရောင်းအဝယ်သွက်နေ

Mon, 01/19/2015 - 12:30 -- admin_ygn

   သကြီး ပုသိမ်မြို့နယ်တွင်းရှိ မိုးစပါးစိုက်ပျိုးသော တောင်သူများမှာ ယခင်နှစ်ထက် ဈေးပို၍ရရှိကြောင်း ယခင်နှစ်မိုးစပါးပေါ်ချိန် ဧည့်မထစပါးတင်း ၁၀၀ ဈေးနှုန်းမှာ ၃၈၀၀၀၀ ကျပ်ဈေး တွင် ဆန်တစ်အိတ် ကို ၁၄၀၀၀-၁၅၀၀၀ ကျပ်ဈေး၊ ယခုနှစ်မိုးစပါးလှိုင်လှိုင်ပေါ်ချိန် ဧည့်မထ စပါးဈေး ၄၁၀၀၀၀ ကျပ်မှ ယခု ၄၃၀၀၀၀ ကျပ် ဈေးတွင် ဆန်တစ်အိတ် ကို ၁၆၀၀၀ ကျပ်ဈေးဖြစ်ခဲ့သလို  ယခင်နှစ်ပေါ်ဆန်းရင်စပါး တင်း ၁၀၀ ကို ၆၃၀၀၀၀ ကျပ်ဈေး တွင်  ဆန်တစ်အိတ် ၂၂၀၀၀-၂၃၀၀၀ ကျပ်ဈေး၊ ယခုနှစ်ပေါ်ဆန်းရင် စပါးဈေးမှာ ၇၄၀၀၀၀-၇၅၀၀၀၀ ကျပ်ဖြင့် ဈေး မြင့်ရရှိပြီး ဆန်တစ်အိတ်ကို ၂၈၀၀၀-၂၉၀၀၀ ကျပ်ဈေးဖြစ်သွားကြောင်း၊ ထိုနည်းတူ ယခင်နှစ် ဧရာဝတီပေါ်ဆန်းစပါး ဈေး ၇၄၀၀၀၀-၇၅၀၀၀၀ ကျပ်ဈေးတွင် ဆန်တစ်အိတ် ၂၅၀၀၀ ကျပ်-၂၆၀၀၀ ကျပ်ဈေးမှ ယခုနှစ် ဧရာဝတီပေါ်ဆန်းစပါးဈေးနှုန်းမှာ ၈၄၀၀၀၀-၈၅၀၀၀၀ ကျပ်ဈေးတွင် ဆန်တစ် အိတ်ဈေးမှာလည်း ၃၀၀၀၀-၃၁၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှသိရပါတယ်။
  ပုသိမ်မြို့တွင်းရှိ ဧည့်မထစပါးဈေးကွက်မှာ  ယခုနှစ် စပါးသစ်စပေါ်ချိန် တစ်ပတ်၊ နှစ်ပတ်အတွင်း အရောင်းအဝယ်အေးချိန် စပါးဈေးနှုန်းမှာ လေးသိန်းကျပ်အောက် ခဏ သာရောက်သွားပြီး၊ နောက်ပိုင်း လေးသိန်းကျပ်ကျော်ဈေးနှုန်းဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ပုသိမ်ဈေးကွက်မှ ရန်ကုန်သို့ ပေါ်ဆန်း၊ ဧည့်မထ၊ ကောက်ညှင်း၊ နွေ သီးထပ်ဆန်များ  နေ့စဉ် ကားအစီးရေ ၁၅၊ ၂၀ စီးခန့် တင်ပို့၍ အထက်အညာ မန္တလေးသို့လည်း သင်္ဘောများနှင့် တင်ပို့လျက်ရှိကြောင်း ပုသိမ်မြို့ရှိ ဆန်ဈေးကွက်မှသိရပါ တယ်။  

မင်းမင်းဦး-ပုသိမ်

 

Local Trade News

Pages