အီလက်ထရွန်းနစ်စီးကရက်များသည် ကင်ဆာရောဂါကို ၁၀ ဆ ဖြစ်ပွားစေနိုင်သည်ဟုဆို

Fri, 12/05/2014 - 12:13 -- admin_ygn

   အီလက်ထရွန်းနစ် စီးကရက် သောက်သုံးသူများသည် ရိုးရိုးစီးကရက် သောက်သုံးသူများထက် ကင်ဆာရောဂါကို ၁၀ ဆဖြစ်ပွားနိုင်စေကြောင်းဖြင့် ဂျပန်သိပ္ပံပညာရှင်များက ထုတ်ဖော် ပြောကြားခဲ့သည်။
  ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ သုတေသနအဖွဲ့တစ်ဖွဲ့သည် e-cigarettesမှထုတ်လွှတ်သောအငွေ့များတွင် ကာစီနိုဂျင်ဓာတ်များပါဝင်နေသည်ကို တွေ့ရှိရကြောင်းဖြင့်ပြော ကြားခဲ့သည်။ အဆိုပါကာစီနိုဂျင်ဓာတ်သည်  ကင်ဆာရောဂါဖြစ်ပွားမှုကို သာမန်အချိန်တွင်ကင်ဆာရောဂါဖြစ်ပွားမှုထက် ၁၀ ဆရှိကြောင်း အဆိုပါသုတေသနပညာရှင်များ က ပြောကြားခဲ့သည်။
   e-cigarettes တွင် ထည့်သွင်းထားသည့်အရည်မှထုတ်လွှတ်သည့် အငွေ့တွင်ပါဝင်သည့် ကာစီနိုဂျင်တွင် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည့် ဖော်မယ်လ်ဟိုက်နှင့် အက်စ်တယ်ဒီ ဟိုက်ဓာတ်များပါဝင်လျက်ရှိကြောင်း ဖြင့် အဆိုပါသုတေသနအဖွဲ့က အစီရင်ခံတင်ပြချက်တွင်ထည့်သွင်းဖော်ပြထားသည်။
   ဖော်မယ်လ်ဒီဟိုက်သည် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့်ပစ္စည်းများနှင့်   လူသေများကိုမပုပ်မသိုးစေရန် ဆေးစိမ်သည့်အရည်များတွင်ထည့် သွင်းအသုံးပြုသည့် ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရသည်။
   အဆိုပါ e-cigarettes  တွင် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည့် ဓာတုဗေဒပစ္စည်းများ များပြားစွာပါဝင်နေသည့်အကြောင်းကို သုတေသနပညာရှင် နအိုကီကုနဂီတာနှင့် အဖွဲ့က ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာသို့ အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။
   ဂျပန်နိုင်ငံအနေဖြင့် အွန်လိုင်းပေါ်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် e-cigarettes များကိုထုတ်လုပ်ခြင်းမပြုကြောင်း၊ သို့သော် အဆိုပါ e-cigarettes များကို အနောက်နိုင်ငံ အချို့တို့တွင် လွယ်လင့်တကူဝယ်ယူရရှိနေသဖြင့် ကင်ဆာရောဂါကို ပိုမိုဖြစ်ပွားစေသည့် e-cigarettes သောက်သုံးခြင်းကို တားမြစ်ရန်လိုကြောင်းဖြင့် ဂျပန် သုတေသနအဖွဲ့ကပြောကြားသည်။

မယ်သီတာ

Local Trade News

Pages