အိန္ဒိယ-မြန်မာချစ်ကြည်ရေးနဲ့ ကုန်သွယ်မှုတိုးတက်စေမည့် ဆန်ဂိုင်းပွဲတော်

Fri, 12/05/2014 - 12:14 -- admin_ygn

   အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ နိုဝင်ဘာလ ၂၁ ရက်က ဆန်ဂိုင်းပွဲတော်ဖွင့်ပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ဝိုင်းတက်ရောက်ခဲ့တယ်လို့ The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါ  ပွဲတော်သို့ ချင်း ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ခြင်းကြောင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးနဲ့  ကုန်သွယ်မှုများကိုလည်းတိုးတက်စေနိုင်တယ်လို့ သုံးသပ်ရေးသားထားပါတယ်။ အိန္ဒိယနိုင်ငံဘက်မှ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အိုဘီဘိုဘီဆင်း၊ ကျန်းမာရေးဝန်ကြီး ဖုန်စတန် တုန်စင်နဲ့  နှစ်နိုင်ငံပြည်နယ်ထိပ်တန်းတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

နေထက်မင်း (တမူး)

 

Local Trade News

Pages