အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရနေလို့ ဆောင်းနှမ်းကို စိုက်ပျိုးဆဲ

Fri, 12/26/2014 - 15:13 -- admin_ygn

   ကျောက်ဆည်ခရိုင်အတွင်းမှာ နွေနှမ်း+ မိုးနှမ်းအပြင် ဆောင်းနှမ်းကို လည်း ဆက်လက်စိုက်ပျိုးကြကြောင်း၊ ဆောင်းနှမ်းစိုက်တောင်သူများထံမှသိရပါတယ်။
   စိုက်ပျိုးရခြင်း အကြောင်းအရင်း မှာ   နှမ်းမျိုးစုံဈေးကွက်တွင် ၄၅၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်ထိ  ဈေးရရှိခြင်း၊ နွေနှမ်း၊ မိုးနှမ်းထက်အထွက် နည်းသော်လည်း အနည်းဆုံး ၅ တင်းမှ အများဆုံး ၆ တင်းထွက်ရှိသကဲ့သို့ တစ်ဧကကုန်ကျ စရိတ်မှာလည်း ၇၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်ဝန်းကျင်သာကုန်ကျ၍ ရောင်းရငွေနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်ရရှိ ၍ စိုက်ပျိုးကြကြောင်းသိရှိရပါတယ်။
   ဆောင်းနှမ်းစိုက်တောင်သူများအနေဖြင့်  စိုက်ပျိုးရာတွင်   ဒေသမျိုး (နှမ်းနက်)မျိုးကို စိုက်ပျိုးကြပြီး  ယခုနှစ်တွင်လည်း  ရာသီဥတုကောင်းမွန်ခြင်း အချိန်အခါမဟုတ် မိုးရွာ သွန်းမှုနည်းပါးခြင်းတို့ကြောင့်   ဆောင်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ တစ်ဧကအထွက်နှုန်း ယခင်နှစ်ကထက်ပိုမိုထွက်ရှိမည်ဖြစ်ကြောင်း ဆောင်းနှမ်းစိုက်တောင်သူ များထံမှ လေ့လာသိရှိရပါတယ်။

သန်းသန်းမိုး-မြစ်သား

Local Trade News

Pages