သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှဘဏ်ကြီးများ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်

Wed, 12/10/2014 - 13:43 -- admin_ygn

   ဂျပန်နိုင်ငံမှ ဘဏ်ကြီးသုံးခုဖြစ်သည့် Tokyo-Mitsubishi UFJ, Mizuho Bank,  နှင့် Sumitomo Mitsui Banking Corp တို့သည် ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဖြစ်ကြောင်း Nikkei ဝက်ဘ်ဆိုက် သတင်းတွင် ဖော်ပြထားသည်။
  အဆိုပါသတင်းတွင် မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီသည် အဆိုပါ အထူးစီးပွားရေးဇုန်ရှိစက်မှုဇုန်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည် ဟု ရေးသားဖော်ပြထားသည်။
အဆိုပါအထူးစီးပွားရေးဇုန်ကို မြန်မာ
   နိုင်ငံအများပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများက ရှယ်ယာ ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဂျပန်ကုမ္ပဏီကြီတစ်ခုက ကျန်ရှယ်ယာများကို ပိုင်ဆိုင်ထားကြောင်းသိရသည်။
  Tokyo-Mitsubishi UFJ, Mizuho Bank နှင့် Sumitomo Mitsui Banking Corp တို့သည် အဆိုပါအထူးစီးပွားရေးဇုန်တွင် ရာခိုင်နှုန်းပမာဏအတော်များများကို ထည့် သွင်းမြှုပ်နှံသွားရန်စီစဉ်လျက်ရှိကြောင်း  အဆို ပါသတင်းတွင် ဖော်ပြထားသည်။
   ထို့ပြင် အဆိုပါဘဏ်များက ရင်းနှီးမြှုပ်နှံမှုအဖြစ် ယခုနှစ်မကုန်မီတွင် ယန်းသန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈သန်း)ကို ရင်းနှီးထည့်ဝင်သွားမည်ဖြစ်သည်ဟုဆို သည်။ အဆို ပါပမာဏသည် မြန်မာနိုင်ငံတွင်းရှိ ဂျပန်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုအချိုးကို ကျော် ဖြတ်သွားဖွယ်ရှိနေသည်ဟုဆိုသည်။
   သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည့် အဆိုပါဘဏ်ကြီးသုံးခုသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များအဖြစ် လာရောက်ဖွင့်လှစ်ခွင့်လိုင်စင်ကိုရရှိထားပြီးဖြစ် သည်။ ထို့ကြောင့် ယင်းဘဏ်ကြီးသုံးဘဏ်အနေဖြင့် တစ်နှစ်အတွင်း ဘဏ်ခွဲငယ်ပေါင်းများစွာကို ပြည်တွင်းတွင်ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းသိရသည်။ ဂျပန် ကုမ္ပဏီပေါင်း ၂၀ခန့်သည် အဆိုပါသီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
   ဂျပန်ဘဏ်များကအဆိုပါအထူး  စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင် လျက်ရှိသည့် ကုမ္ပဏီများအား ငွေကြေးနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို အထောက်အပံ့ပေး သွားမည်ဖြစ်သည်။ ယင်းဘဏ်ကြီး သုံးခုအနက်မှ Mizuho Bank သည် အဆိုပါ လုပ်ငန်းအားလုံးတွင် အရေးပါသောကဏ္ဍမှပါဝင်လျက်ရှိသည်ဟုဖော်ပြထားသည်။

မယ်သီတာ

Local Trade News

Pages