သရက်သီးမှည့်ရာသီချိန် အရောင်းအဝယ်လိုက်

Fri, 05/20/2022 - 07:19 -- admin_ygn

ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအားဝယ်လိုအား လိုက်နေ ကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်‌ရောင်းဝယ်သူထံမှသိရသည်။ ယခုနှစ် သစ်သီးဝလံဈေးကွက်တွင် သရက်သီးမှည့်များ ဝင်ရောက်မှုပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်နဲ့မတူဘဲ ဈေးသက်သာလာသည်ကိုတွေ့ရသည်။ မိုးလည်းရွာသွန်း နေပြီမို့  သရက်သီးမှည့်များသည် ချိုလည်းချို အရောင်အသွေးမှာလည်း  ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော/နယ် တင်ပို့မှုပါ အရောင်းအဝယ်သွက်လျက်ရှိနေသည်။ပဲခူးတိုင်းဒေသမှ မြကျောက်၊ စိန်တစ်လုံးသရက်များမှာ ဥယျာဉ်၊ ခြံများမှထွက်ရှိ၍ မချစ်စုနှင့် မန္တလေးသရက်များမှာ အိမ်ခြံ များမှ အများဆုံးထွက်ရှိပြီး ဒေသတွင်းမှ သရက်သီးမျိုးစုံ စားသုံးကြသဖြင့် ဒေသတွင်းဈေးကွက်လည်း ရရှိကြောင်း  မြကျောက်နှင့် စိန်တစ်လုံးကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီးရောင်းချရကြောင်း မချစ်စုနှင့် မန္တလေးသရက်ကို ရန်ကုန်နဲ့ ဒေသတွင်းဈေးကွက်တွင်သာ ရောင်းဝယ်ကြောင်း သိရသည်။ သရက်သီးဈေးနှုန်းများ အနေဖြင့် ယခု မေ (ပထမပတ်)အတွင်း မြကျောက်တစ်လုံးဈေး (ရှယ်) ကျပ် ၁၅၀ နှင့်  (လုံးသန့်) ၂၀ဝ ကျပ်ဖြစ်ပြီး စိန်တစ်လုံးဈေးသည် (ရှယ်)ကျပ် ၂၀ဝနဲ့(လုံးသန့်) ၃၅၀ကျပ် ဖြစ်ပေါ်နေသည်။
နှင်းယု(ပဲခူး)      
 

Local Trade News

Pages