ရှမ်းနနွင်းကလည်း အရောင်းအဝယ်အေးနေ

Fri, 12/26/2014 - 15:06 -- admin_ygn

   ရှမ်းနနွင်းကလည်း အရောင်းအဝယ်အေးနေပါတယ်။ ဒီနှစ်က ချင်း၊ နနွင်းကို  အဓိကဝယ်ယူနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်စတဲ့နိုင်ငံတွေ လည်း အဝယ်ရပ်နေပါတယ်။ အိန္ဒိယမှာ ဒီနှစ်ချင်း၊ နနွင်းတွေလည်း စိုက်ပျိုးအောင်မြင်နေတာကြောင့် အဝယ်နည်းသွားတယ်လို့လည်းသိရပါတယ်။ အဲဒီနိုင်ငံတွေက အရင်က ဆိုရင်  နနွင်းကို အလုံးအရင်းလိုက်ဝယ်ပေမယ့် အခုaနာက်ပိုင်းသိပ်မဝယ်ကြတော့ပါဘူး။
   အိမ်နီးချင်းနိုင်ငံတွေက  ရာသီဥတုဖောက်ပြန်တဲ့နှစ်၊ သီးနှံတွေစိုက်လို့မရ တဲ့နှစ်မှသာများများစားစားဝယ်ယူကြပေမယ့်၊ဒီဘက်နှစ်တွေမှာတော့ နယ်စပ်လမ်းကြောင်းဖြစ်တဲ့ တမူး၊ စစ်တွေကတစ်ဆင့်သာ နည်းနည်းချင်းစီသွားတော့တယ်လို့ လည်း သိရပါတယ်။ ဒီနှစ်ထဲမှာတော့ အိမ်နီးချင်းနိုင်ငံတွေအနက် တရုတ်ဝယ်လက် တစ်ခုတည်းသာ အနည်းအကျဉ်းဝယ်ယူနေလို့ ပြည်ပဝယ်လက်ကလည်းဝယ်တယ်ဆိုရုံလေးပါပဲ၊  ပြည်တွင်းသုံးကလည်း သိပ်အများကြီးမဖြုန်းနိုင်လို့ လက်ကျန်နနွင်း တွေကလည်း ရှိနေတုန်း ပါပဲ။
  ရန်ကုန်နဲ့  ပြည်ဝယ်လက်တွေကတော့ လှောင်ဖို့အတွက်ဝယ်ယူနေလို့ တစ်ပတ်အတွင်း ပိဿ     ာချိန်သုံးသောင်းအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပြည်တွင်းသုံးဈေးပတ်သမားတွေဖြစ် တဲ့ မန်း၊ နေပြည်တော်၊ ပဲခူး၊ ဒိုက်ဦး စတဲ့မြို့တွေက အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူနေလို့ တစ်ပတ်အတွင်း နနွင်းပိဿ   ာချိန် သုံးထောင့်ငါးရာ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး ၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၆၀၀ ကျပ်ဈေးရှိပါတယ်။

ဧဧခိုင်-တောင်ကြီး

Local Trade News

Pages