ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်း

Thu, 10/05/2023 - 08:15 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ အစေ့ထုတ်ပြောင်းများ စက်တင် ဘာလ (တတိယပတ်) မှ စတင်၍ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ (နောက်ဆုံးပတ်) တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာအစေ့ထုတ်ပြောင်းတစ်တင်းလျှင်ကျပ်(၁၆,၆၀ဝိ/-) ပေါက်ဈေး ရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ (၉၀၀) တင်း၊ တန်အားဖြင့် (၂၂) တန်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ(တတိယပတ်)နှင့် စက်တင်ဘာလ (နောက်ဆုံးပတ်)အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက စက်တင်ဘာလ (တတိယပတ်) တွင် အစေ့ထုတ် ပြောင်းတစ်တင်းလျှင် ကျပ်(၁၈,၆၀ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages