ရွှေဘိုခရိုင်အတွင်းမြေပဲလုံးဆန်ဈေးနှုန်း အနည်းငယ်ကျဆင်း

Tue, 10/17/2023 - 03:54 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်သို့ မြေပဲလုံးဆန် (နီ၊ဖြူ) များ စက်တင်ဘာလ၊ (တတိယပတ်) မှ စတင်၍ ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ (ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆန် (နီ) တစ်တင်းလျှင် (၁၀၀,၈၀ဝိ/-) ပေါက်ဈေး ရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၄၅၀၀)တင်း/ တန်အားဖြင့် (၁၀၃)တန်၊ မြေပဲလုံးဆန် (ဖြူ) တစ်တင်းလျှင် (၉၆,၈၀ဝိ/) ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှု အနေဖြင့် (၂၇၀၀)တင်း/ တန်အားဖြင့် (၆၂) တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊  အောက်တို ဘာလ(ပထမပတ်) နှင့် (ဒုတိယပတ်) အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက အောက်တိုဘာလ (ပထမပတ်) ၌ မြေပဲလုံးဆန်(နီ) တစ်တင်းလျှင် (၁၀၈,၈၀ဝိ/-)ကျပ်နှင့် မြေပဲ လုံးဆန် (ဖြူ)တစ်တင်းလျှင် (၁၀၀,၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် အောက်တိုဘာလ (ဒုတိယ ပတ်) တွင် မြေပဲလုံးဆံ (နီ) တစ်တင်းလျှင် (၈၀၀ဝိ/-) ကျပ်နှင့် မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၄၀၀ဝိ/-) ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages