ရော်ဘာဈေးများ အလွန်အကျွံကျဆင်းနေသဖြင့်အိန္ဒိယနိုင်ငံတွင်းသို့ ပြည်ပမှတင်သွင်းမှုအား ရပ်တန့်ပေးရန်တောင်းဆို

Tue, 01/20/2015 - 14:38 -- admin_ygn

   ပြည်တွင်းရော်ဘာဈေးများ အလွန်အကျွံကျဆင်းသေဖြင့် ပြည်ပမှရော်ဘာတင်သွင်းမှုအားရပ်တန့်ပေးပါရန်  ကီရာလာပြည်နယ်အစိုးရကဝန်ကြီးချုပ် နရိန္ဒရာမိုဒီအားတောင်း ဆိုနေကြတယ်လို့သိရပါတယ်။ ပြည်ပရော်ဘာတင်သွင်းမှု ရပ်တန့်ရေးအစီအစဉ်မှာ "Make in India" အစီအစဉ်ဖြင့် ပြည်ပမှ ရော်ဘာကုန်ကြမ်းတင်သွင်းမှုများကိုပါထည့်သွင်း ကန့်သတ်ပေးရန် တောင်းဆိုထားတာဖြစ်ပါတယ်။
   ကီရာလာပြည်နယ်ဝန်ကြီးချုပ် အူးမန်းချန်ဒီနဲ့ ပြည်နယ်အဆင့်မြင့် ခေါင်းဆောင် VS  Achuthanandan တို့အတူတကွ ဝန်ကြီးချုပ်ကိုတွေ့ဆုံတောင်းဆိုခဲ့ကြတယ်လို့ သတင်း မှာဖော်ပြထားပါတယ်။  အိန္ဒိယနိုင်ငံဟာ ပြည်ပမှ သဘာဝရော်ဘာတန်ချိန် ၃ ဒသမ ၂၅ သိန်းကျော် တင်သွင်းနေကြောင်းသိရပါတယ်။

 CMK

 

Local Trade News

Pages