ရုံးလုပ်ငန်းသင်တန်း အမှတ်စဉ် (၁/၂၀၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Mon, 12/15/2014 - 11:31 -- admin_ygn

   နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၅)ပါ လမ်းညွှန်ချက်အရဖွင့်လှစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးလုပ်ငန်းသင်တန်းအမှတ်စဉ်(၁/၂၀၁၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက် အမှာစကားပြောကြားသည်။
   ဒုတိယဝန်ကြီးမှပြောကြားရာတွင် ဌာနအတွင်းရှိအမှုထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်မြင့်တက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီးလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရန်တို့အတွက်ရည်ရွယ်ပြီး သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒီသင်တန်းမှာ အမှုထမ်းများ သိသင့်သိထိုက်သည့် ရုံးလုပ်ငန်းအခြေခံ ဘာသာရပ်များ ကိုသင်ကြားပေးမည်ဖြစ်သည့်အပြင် ရုံးလုပ်ငန်းအားကွန်ပျူတာနည်းပညာ (ICT) အသုံးပြု၍ ဆောင်ရွက်လျက်ရှိသော DEMS (Document Exchange Management System) နှင့်ပတ်သက်သည့် ဆောင်ရွက်ပုံအသေးစိတ်များအား ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ ရုံးစာများကို သတ်မှတ်ပုံစံအတိုင်း တညီ တညွတ်တည်း စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရားကို လျင်မြန်သွက်လက်စေမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကို အလေးအနက် မှာကြားလိုတာကတော့ အရာရာကိုအသေးအဖွဲဟုသဘောမထားဘဲ အလေးအနက်ထားကာ မိမိတို့၏ဝန်ထမ်းစွမ်းဆောင်ရည်များကို မြှင့်တင်ကာဌာနအကျိုး၊ ဝန်ကြီးဌာန အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းမှာကြားခဲ့ပါသည်။
    အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၄ ဦးဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၆ ရက်အထိ ရက်သတ္တပတ်သုံးပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါ သည်။

HR Mg

Local Trade News

Pages