ရသေ့တောင်မှ ကျိုက်ထီးရိုးဘုရားရင်ပြင်သို့ သွားရောက်ရန် Cable car စီမံကိန်းလုပ်ဆောင်ခွင့် MIC မှ ခွင့်ပြု

Fri, 01/16/2015 - 12:50 -- admin_ygn

    မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (The Myanmar Investment Commision - MIC) သည်  Sky Asia Co.Ltd အား ရသေ့တောင်မှ ကျိုက်ထီး ရိုးဘုရားရင်ပြင်သို့ တက်ရန်အတွက် Cable car စနစ်ကို အကောင်အထည်ဖော်ဆောင်ခွင့်ပြုလုပ်ပြီလို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ Sky Asia Co.Ltd သည် ဖက်စပ် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ Asia Inter-national Fisheries Co.Ltd နဲ့ တောင် ကိုရီးယားနိုင်ငံမှ Sky International Co.Ltd တို့ဖက်စပ်ထူထောင်ထားတာဖြစ်ပါတယ်။ Cable car စီမံကိန်းကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းစခန်းမှာ အကောင်အထည်ဖော်လုပ်ဆောင်မှာဖြစ်ပါတယ်။
   သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ထောက်ခံချက်ရရှိပြီးနောက် MIC က ရင်းနှီးမြှုပ်နှံမဲ့ ကုမ္ပဏီအားလုပ်ငန်းလုပ်ဆောင်ခွင့်ပြုလိုက်တာလို့ သိရပါတယ်။
   Cable car လုပ်ငန်းလုပ်ဆောင်မဲ့ Sky Asia Co.Ltd သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနသို့ နှစ် ၅၀ ကြာ မြေ ၁၃ ဧက ငှားရမ်း ခွင့်ပြုရန် အဆိုပြုတင်ပြထားရာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံသို့ အဆိုပြုချက်အား တင်ပြခွင့်ပြုချက်တောင်းခံခဲ့ပြီး ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်ရရှိသောအခါ MIC ကလည်း စီမံကိန်း လုပ်ဆောင်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။
  ရွှေသံလွင်ကုမ္ပဏီကလည်း ကျိုက်ထီးရိုးဘုရားအနီးမှာ မြေဧက ၃၀၀ အကျယ်အဝန်းမှာ ဟိုတယ်၊ စားသောက်ဆိုင် (Restaurant) နဲ့ ဘတ်စ်ကားရပ်နားစခန်းများ တည်ဆောက်သွားရန် အစီအစဉ်ရှိတယ်လို့သိရပါတယ်။

ချမ်းမြေ့မောင်

 

Local Trade News

Pages