မြေသြဇာတန်ချိန် လေးရာ့ရှစ်ဆယ်ကျော်သာဝင်

Fri, 12/26/2014 - 15:09 -- admin_ygn

   သီတင်းတစ်ပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း ကန်ဒေါ်လာ ၈၀၀၁၅ တန်ဖိုးရှိ မြေသြဇာ ၄၈၇ ဒသမ ၀၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ  ၁ ဒသမ ၀၂ တန်၊ ထိုင်းနိုင်ငံမှ တန် ၄၀ ၊ စင်ကာပူနိုင်ငံမှ ၂၅ တန်၊ ဗီယက်နမ်မှ  တန်ချိန် ၄၂၀၊ အမေရိကန်မှ ၁ ဒသမ ၀၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး သြဂဲနစ်အမျိုးအစားအများဆုံးဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ ၄၇၈၉ တန် အဝင်နည်းခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း (DOT)
 

Local Trade News

Pages