မြန်မာ့ရွှေဈေးတစ်ပတ်အတွင်း ကျပ်တစ်သောင်းအထိ ပြန်လည်မြင့်တက်လာ

Tue, 12/09/2014 - 12:37 -- admin_ygn

      ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကကျဆင်းခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်းတွင် ဈေးစဖွင့်ပြီး နောက်နေ့တစ်ရက်အတွင်းမှာပင် ကျပ်တစ်သောင်းကျော်ပြန် လည်မြင့်တက်ခဲ့သည်။  ကမ္ဘာ့ရွှေဈေး ရုတ်ခြည်းမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟု ရွှေကုန်သည်အသိုင်းအဝိုင်းတွင် ပြောကြားလျက်ရှိသည်။
   ရွှေဈေးပြန်လည်မြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များအေးစက်လျက်ရှိကြောင်း  ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးအတက်အကျကိုမှီ၍  လိုက်လံပြောင်းလဲလျက်ရှိသော်လည်း ငွေလဲနှုန်းများမြင့်တက်မှုကြောင့် ဈေးကျသည့်အချိန်ကထင်မှတ်သလောက် ကျဆင်းမှုမရှိ ခဲ့ကြောင်း၊ ထို့အတွက် ရွှေကုန်သည်များခုသာခံသာရှိခဲ့ကြောင်းဖြင့် ၎င်းကထပ်မံပြောကြားခဲ့သည်။
   ''ရွှေဈေးက ဒီရက်ပိုင်းကတော့  နည်းနည်းငြိမ်သွားတယ်လို့ပြောရမယ်။ ဟို ရက်ဈေးစဖွင့်ပြီးနောက်ရက်ကျတော့  ဝုန်းဆို တစ်နေ့တည်းကို  ကျပ်တစ်သောင်းလောက်တက် သွားတာ။ အဲဒီလိုတက်သွားတော့ အနိမ့်ဈေးနဲ့ဝယ်ထားတဲ့သူတွေက ပြန်ထုတ်ရောင်းကြတာပေါ့။ ဒီလိုရက်မျိုးဆိုတာ ရွှေဈေးကျနေကျအချိန်လေ။ ခုလိုအချိန်မှာ ရွှေဈေးတက် တာကတော့ ကမ္ဘာ့ရွှေဈေးတက်လာလို့ပါပဲ။ ကမ္ဘာ့ရွှေဈေးတက်လာတဲ့အကြောင်းရင်းကိုတော့ သေသေချာချာမသိသေးပါဘူး'' ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။
   မြန်မာ့ရွှေဈေးသည် ဒီဇင်ဘာ ၁ ရက်က ကျပ် ၆၅၀၀၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂ ရက်တွင် ကျပ် ၆၆၁၀၀၀ သို့မြင့်တက်ခဲ့သည်။  ဒီဇင်ဘာလ ၃ရက်နေ့မှ ၅ ရက် အထိ ကျပ် ၆၆၀၀၀၀ ဝန်းကျင်တွင်သာ ဈေးအတက်အကျအနည်းငယ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ ၁ရက်နေ့က ၁၁၅၁ ဒေါ်လာရှိခဲ့ပြီး ဒီဇင် ဘာ ၂ရက်တွင် ဒေါ်လာ ၁၂၀၀ သို့ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၅ရက်အထိ အဆိုပါဈေးအတိုင်းပင်ရှိခဲ့သည်။

မယ်သီတာ

Local Trade News

Pages