မြင်းခြံခရိုင်အတွင်း ဆောင်းကြက်သွန်နီများ စတင်စိုက်ပျိုး

Thu, 11/16/2023 - 04:09 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း၊ ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ယခင် နှစ်၌ ကြက်သွန်နီစိုက်ဧက (၂,၅၄၁) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်၌ မြင်းခြံမြို့နယ်တွင် (၁,၅၉၁) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁,၁၅၉) ဧက စုစုပေါင်းကြက်သွန်နီစိုက်ဧက (၂,၇၅၀) ဧက စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ တောင်သာမြို့နယ်တွင် နိုဝင်ဘာလကုန်မှ စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးမှုကာလတူနှိုင်းယှဉ်ချက်အရ ဆောင်းကြက်သွန်နီများကို ယခုနှစ်တွင် ယခင်နှစ်ထက် (၂၀၈) ဧက ပိုမိုစိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေးဌာန၏ စာရင်းများအရ သိရသည်။

   မြင်းခြံခရိုင်အတွင်း ဆောင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ တလုပ်မြို့ ကျေးရွာ၊ နနွင်းတော်ဘိုးကျေးရွာ၊ ကန်ဆင့်ကျေးရွာ၊ ဗလုံကျေးရွာ၊ ဖောင်းကားကျေးရွာ၊ လက်ဝဲ ကျေးရွာ၊ မြင်းနီကျေးရွာ၊ တမိုက်သာကျေးရွာ၊ ဆင်ဖြူကျေးရွာနှင့် ပေါက်တောကျေးရွာများမှာ အများဆုံးစိုက်ပျိုးကြပြီး ၎င်းကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများမှာ အရည်အသွေး ကောင်းမွန်ပြီး သိုလှောင်မှုကြာရှည်ခံသည့်အတွက် ဈေးကွက်အဝယ်လိုက်ကာ ဈေးကောင်းရရှိ ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages