မုံရွာကုန်စည်ဒိုင် နှစ်ဆန်းပဲဈေးကွက် ဈေးမာအရောင်းသွက်

Tue, 01/06/2015 - 13:35 -- admin_ygn

   မုံရွာကုန်စည်ဒိုင်နှစ်သစ်ကူး ပဲဈေးကွက်မှာ ပဲအများစု ဈေးမာလျက်အရောင်းအဝယ်လည်း အနည်းငယ်သွက်လာတယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ကုလားပဲမျိုးစုံဈေးကွက် မှာ ပို့ကုန်ဝယ်လက်မရှိပေမယ့်  ဒေသတွင်း ကုန်သည် လက်ဝယ်ရှိတဲ့ ပဲလက်ကျန်ထက်၊ ပဲခွဲစက်၊  ကြာဆံစက် ပဲလက်လီဝယ်လိုအား ပိုမိုကောင်းမွန်လာတဲ့အတွက် ယခု တစ်ပတ်မှာလည်း ဈေးဆက်လက်မာခဲ့ရာ ကုလားပဲထိုင်ဝမ်တစ်တင်း ၁၄၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ အသီးသီးတက်ဈေးနဲ့  မာနေခဲ့ပါတယ်။ ကုန် ကြမ်းစုဆောင်းဖို့  လုပ်ငန်းသုံးဝယ်လိုအား မြင့်နေတဲ့အတွက် တစ်ရက်ကို ကုလားပဲမျိုးစုံ တင်း ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါ တယ်။
   ဒေသတွင်း  လုပ်ငန်းသုံးဝယ်လက်အပြင် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်သာရှိလာတဲ့ စွန်တာနီနဲ့ ပဲနီလုံးကြားဟာ ယခုတစ်ပတ်မှာ အသီးသီးတက်ဈေးဖြစ်ခဲ့ရာ စွန်တာနီတစ် တင်းအသစ် ၁၆၀၀၀ ကျပ်၊ ပဲနီလုံး ကြား တစ်တင်း အသစ် ၂၀၅၀၀ ကျပ်ထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး ပဲနီမျိုးစုံတစ်ရက် အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်နိုင်တယ် လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။
   ပဲစင်းငုံနီဈေးကွက်မှာလည်း   နယ်စုံက ပဲအသစ်တွေ အနည်းငယ် အဝင်စိပ်ခဲ့ပြီး  လှောင်လက်ကုန်သည် ဝယ်လို အားရှိလို့ ပြီးခဲ့တဲ့ ရက်ပတ်ကထက် ဈေးအနည်းငယ် တက်ခဲ့ကာ တစ်တင်း ၂၄၈၀၀ ကျပ်ထိ  အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကြားဒိုင်မှဝင်သမျှ  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
   ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့   စိမ်းကြီး ပစ္စည်းအဝင်နည်းကာ တစ်တင်း  ၃၅၀၀၀ ကျပ်ဈေးနဲ့ ငြိမ်နေ ပြီး တစ်ရက်အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ပြီး စိမ်းသေးကတော့ တစ်တင်း ၃၅၀၀၀ ကျပ်ထိ အမြင့်ဆုံးတက် ဈေးဖြစ်ခဲ့ကာ တစ်ရက် အိတ် ၁၀၀၀ မှ   ၁၅၀၀ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။
   မတ်ပဲဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ နယ်အဝင်ပုံမှန်ရှိခဲ့ပြီးအများစုမှာ ကုန်းစိုက်ပဲများဖြစ်ရာ တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ကြားပေါက်ဈေးငြိမ်နေပြီး တစ်ရက် အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။
    ပဲလွန်းဈေးကွက်အနေနဲ့  ယခုတစ်ပတ်မှာ လွန်းပြာဈေးမငြိမ်ခဲ့ဘဲ တစ်တင်း ၁၄၀၀၀ ကျပ်-၁၅၀၀၀ ကျပ်ကြား ပေါက်ဈေးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့ပြီး လွန်းဖြူကတော့ ဒေသတွင်းနဲ့ နယ်ဝယ်လို အားရှိလို့ ယခုတစ်ပတ်မှာ တစ်တင်း ၂၀၇၀၀  ကျပ်ထိ ဈေးမြောက်လာခဲ့ရာ တစ်ရက်အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့  ဈေးကွက်ကလေ့လာသိရှိရပါတယ်။

ထွန်းလှိုင်-မုံရွာ