မန္တလေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Fri, 12/05/2014 - 12:01 -- admin_ygn

   စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပါအတိုင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်အဖွဲ့ဝင် ၁၆ ဦးဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။   
  ၎င်းစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ/ စီးပွားဝန်ကြီး ဦးအောင်ဇံမှကြီးမှူး၍ အဖွဲ့ဝင်များနှင့် စားသုံးသူအကာအ ကွယ်ပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ကျင်းပပြုလုပ်ခဲ့သည်။
   အဆိုပါအစည်းအဝေးတွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ဇံကအဖွဲ့၏ လုပ်ငန်း တာဝန်များဖြစ်သော စားသုံးသူအငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းပေးခြင်း၊ ဖြေရှင်းပေးခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်းသော အသိပညာဗဟုသုတများကို စားသုံးသူအားဖြန့်ဖြူးပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏တိုင်ကြားမှုကိုလက်ခံစစ်ဆေးခြင်း၊ ဗဟိုကော်မတီကအခါအားလျော်စွာ ပေး အပ်သော တာဝန်များကိုဆောင်ရွက်ခြင်းစသည်များကိုလစ်ဟာမှုမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးပါရန် တိုက်တွန်းပြော ကြားခဲ့သည်။
   ၎င်းနောက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးမှ စားသုံးသူ အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်များမှ တစ်ဦးချင်းပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိ သည်။

တင်ချစ်ကောင်း DCCA MDY

Local Trade News

Pages