ဖျာပုံခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲများကျင်းပ

Wed, 12/17/2014 - 11:02 -- admin_ygn

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်၊      တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန ဦးစီးအရာရှိ ဒေါက်တာမျိုးထွန်းကျော်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ  ၂၆ရက်နေ့မှ  ၂၈ရက်နေ့အထိ ဖျာပုံ ခရိုင်အတွင်း ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံမြို့တို့တွင် စားသုံးသူ ကာအကွယ်ပေးရေးသိကောင်းစရာ ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
   အဆိုပါဟောပြောပွဲများကို  နိုဝင်ဘာလ ၂၆ ရက် နေ့ မွန်းလွဲ  ၁ နာရီမှ ညနေ ၄ း ၀၀ နာရီအထိ ဘိုကလေးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ နိုဝင်ဘာလ၂၇ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ဒေးဒရဲမြို့နယ်၊  အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင်လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက် နေ့ နံနက် ၁၀ နာရီအချိန် ကျိုက်လတ်မြို့၊  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်လည်းကောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ  ၁ နာရီအချိန်  ဖျာပုံခရိုင်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်လည်းကောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို ကျင်းပ ခဲ့ကြောင်းသိရှိရသည်။
   အဆိုပါဆွေးနွေးပွဲများသို့  သက်ဆိုင်ရာမြို့နယ်အသီးသီးမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာမြို့နယ် အသီးသီး ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
   ဘိုကလေးမြို့နယ်တွင် အင်အား ၅၇၅ဦး၊ ကျိုက်လတ်မြို့နယ်တွင် အင်အား ၃၆၅ဦး၊ ဒေးဒရဲမြို့နယ်တွင် အင်အား ၆၀၉ဦး၊ ဖျာပုံမြို့နယ်တွင် ၂၄၂ ဦးတက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

ဧရာမြေ (ဧရာဝတီတိုင်း)

Local Trade News

Pages