ပြည်ဈေးကွက်တွင် နနွင်းတက်များအရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 10/03/2023 - 07:09 -- mocadmin

ပြည်ခရိုင်၊ ပြည်ဈေးကွက်ရှိနနွင်းတက်ပွဲရုံများသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်း ဘက်မှ နနွင်းတက်များ ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်ကရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလောနှင့် ပင်လောင်းဘက်မှ ဝင်ရောက်ခဲ့ပြီး ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိသော နနွင်းတက်များနှင့် ကျောက်ဆည်ဘက်မှလာသော နနွင်းတက်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ပြည် ဈေးကွက်တွင်ဖြစ်ပေါ်လျက်ရှိသော နနွင်းတက်ဈေးများမှာ ယခင်နှစ်က နနွင်းတက် တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ ကျပ်ဖြစ်ပြီး ယခုနှစ်မှာတော့ နနွင်းတက်တစ်ပိဿာလျှင် ၆၀၀၀-၆၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ နနွင်းတက်အသေးအညှက်များကို ခြင်ဆေးခွေ ပြုလုပ်သူများက ဝယ်ယူကြပြီး နနွင်းတက်အချောများကို နနွင်းမှုန့်များပြုလုပ်ရောင်းချသူများက ဝယ်ယူကြကြောင်းသိရသည်။

DOCA(ပဲခူး)

Local Trade News

Pages