ပြည်ဈေးကွက်တွင်မြေပဲဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်း

Thu, 09/28/2023 - 03:31 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ရွှေတောင်၊ပေါက်ခေါင်းနှင့် အခြားဒေသများဖြစ်သော မြန်အောင်၊ ကြံခင်းစသည့်ဒေသများမှ ထွက်ရှိသော မိုးမြေပဲများ ပြည်ဈေးကွက်သို့ စက်တင်ဘာလ (တတိယပတ်) တွင် မြေပဲဆန်အိတ်ရေ (၃၀၀/၄၀၀)ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ဝင်‌ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် မန္တလေးဒေသများမှ ဝယ်လက်များ၊ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့် ဈေးကွက်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

   မြေပဲဆန် ဈေးနှုန်းများ အနေဖြင့် စက်တင်ဘာလ (တတိယပတ်) တွင် ဆီဆန် (အဖြူ) တစ်ပိဿာလျှင် (၆,၀၀၀) ကျပ်၊ ဆီဆန် (အနီ) တစ်ပိဿာလျှင် (၆,၇၀၀) ကျပ်နှင့် လုံးဆန် (အဖြူ) တစ်ပိဿာလျှင် (၆,၇၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၇,၇၀၀) ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာလ (ပထမပတ်) နှင့် နှိုင်းယှဉ်လျှင် မြေပဲဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဈေးနှုန်းကျဆင်းရခြင်းမှာ မြေပဲဆန်များ ဈေးကွက်အတွင်း လှိုင်လှိုင် ဝင်ရောက်လာခြင်းကြောင့် ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။ မြေပဲဆီဈေးနှုန်း အနေဖြင့် စက်တင်ဘာလ (တတိယပတ်) တွင် မြေပဲဆီ တစ်ပိဿာလျှင် (၁၃,၅၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး စက်တင်ဘာလ (ပထမပတ်) နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ် ကျဆင်း ကြောင်း၊ မြေပဲဆီ ဈေးနှုန်းများ ကျဆင်းလာရခြင်းမှာ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများကို ရောင်းချပေးခြင်း၊ မြေပဲများ လှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်ခြင်းများကြောင့် ကျဆင်း ရခြင်းဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages