ပြည်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် ဝါသီးနှံများ စတင်စိုက်ပျိုး

Wed, 08/30/2023 - 15:40 -- mocadmin

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်များတွင် မိုးလယ်ကာလ၌ ဝါသီးနှံ များ စတင်စိုက်ပျိုးလျက်ရှိရာ ဝါမျိုးစေ့တစ်ထုပ်လျှင် ကျပ် (၅၀,၀၀၀) ကျော်ခန့်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့် မျိုးစေ့အနေဖြင့် “တစ်စေ့ဝါ” မျိုးများကို စိုက်ပျိုးကြရာ စိုက်ပျိုးပြီး ၃ လခွဲ ၄ လအကြာတွင် စတင်ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၃၅၀,၀၀၀) ခန့်ကုန်ကျကြောင်း၊ ခန့်မှန်းအထွက်နှုန်း အနေဖြင့် ပုံမှန်မြေဖြစ်ပါက ဝါပိဿာချိန် (၅၀၀) ခန့် ထွက်ရှိပြီး မြေကောင်း၍ သွင်းအားစု များများသုံးနိုင်လျှင် ပိဿာချိန် (၈၀၀) ခန့်ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

Local Trade News

Pages