ပြင်ပငွေဈေးကွက်တွင် ငွေဈေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာ

Thu, 12/04/2014 - 11:46 -- admin_ygn

   မြန်မာ့ငွေလဲဈေးကွက်တွင် ယခု တစ်ပတ်အတွင်း ပြင်ပဈေးကွက်၌ ဈေးအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရသည်။
   ဆက်တိုက်မြင့်တက်ခဲ့သည့် ငွေလဲနှုန်းများအား ဗဟိုဘဏ်၏ဝင်ရောက်ထိန်းကြောင်းပေးခဲ့မှုကြောင့် ဈေးပြန်လည်ကျဆင်းလာခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ ပြင် ပငွေဈေးကွက်တွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။
   ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက  အမေရိကန်  တစ်ဒေါ်လာလျှင် ၁၀၉၀ ကျပ်အထိမြင့်တက်လာခဲ့မှုကြောင့်   ငွေလဲဈေးကွက်အတွင်း ကမောက်ကမများဖြစ်ပေါ်ခဲ့ရ သည်။ သို့သော်  ဗဟိုဘဏ်မှ  အမေရိကန်ဒေါ်လာများကိုထုတ်ရောင်းပေးမှုကြောင့်  ဈေးပြန်လည်ကျဆင်းလာခဲ့ကာ ဈေးကွက်အတွင်း တည်ငြိမ်မှုအနည်းငယ်ရရှိခဲ့သည်။
   ''ဗဟိုဘဏ်ကထိန်းပေးလို့ ဈေးပြန်ကျလာခဲ့တယ်။  ဒါပေမယ့် ဈေးကစားတာတွေကတော့ရှိနေတုန်းပဲ။ ရွှေဈေးက ပြန်ကျသွားတယ်။ ကျဖို့လည်း အရိပ်အယောင်တွေရှိနေ တယ်လို့ပြောနေကြတော့ ဒီဘက်ကို မျက်စိကျလာပြန်တယ်။ ဒါကြောင့် ခုရက်ပိုင်းမှာနည်းနည်းပြန်တက်လာတယ်။ ဈေးကွက်ထဲမှာ ဝယ်ထားတဲ့ဒေါ်လာတွေကို  ထုတ်မရောင်း ဘဲ သိမ်းထားတဲ့အတွက် ခုလိုတွေဖြစ်ကုန်ကြတာပါ။ ဒေါ်လာဈေးတက်လာတဲ့အတွက် ပို့ကုန်သမားတွေ တော်တော်လေးကိုအလုပ်ဖြစ်ကြတယ်။ ဒီဈေးနှုန်းအတိုင်းသာ ထိန်း ထားမယ်ဆိုရင် ပို့ကုန်ပိုင်းက တက်လာနိုင်တယ်'' ဟု   ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
   သိမ်ဖြူငွေလဲစင်တာတွင်  နိုဝင်ဘာ ၂၄ ရက်က ရောင်းဈေး ၁၀၄၃ ကျပ်၊ ဝယ်ဈေး ၁၀၃၂ကျပ်ရှိခဲ့ပြီး နိုဝင် ဘာ ၂၈ ရက်တွင် ရောင်းဈေး ၁၀၃၇ ကျပ်၊ ဝယ်ဈေး ၁၀၂၅ ကျပ်သို့ ကျဆင်းခဲ့သည်။
   ပြင်ပငွေလဲစင်တာတွင်  နိုဝင်ဘာ လ ၂၄ရက်နေ့က ရောင်းဈေး ၁၀၄၀ ကျပ်၊ ဝယ်ဈေး ၁၀၃၀ ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာ  ၂၈  ရက်တွင် ရောင်းဈေး ၁၀၄၃ ကျပ်၊ ဝယ်ဈေး ၁၀၃၉ ကျပ်သို့ အနည်းငယ်မြင့်တက်ခဲ့သည်။

မယ်သီတာ

Local Trade News

Pages