ပဲခူးမြိုု့နှင့် တောင်ငူမြို့ရှိဈေးများသို့ Mobile Van ဖြင့်သွားရောက်၍ အစားအသောက်နှင့်အလှကုန်ပစ္စည်းများ နမူနာကောက်ယူစစ်ဆေး

Fri, 12/05/2014 - 11:57 -- admin_ygn

   ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များနှင့် အလှကုန်များကိုရရှိစေရန်ရည်ရွယ်၍ ပဲခူူတိုင်းဒေသကြီး ပဲခူးမြို့နှင့် တောင်ငူမြို့အတွင်းရှိ ဈေးများသို့ Mobile  Van ဖြင့် သွားရောက်၍   အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော် ၊ ပဲခူး) ၏ ဦးစီးမှုဖြင့် ပဲခူးမြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ ပဲခူးစည်ပင် သာယာဈေး များဌာနနှင့် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပဲခူးမြို့မဈေး ကြီး၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပဲခူးဘုရားဈေးတို့တွင်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော်၊ ပဲခူး)၊ တောင်ငူမြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ တောင်ငူစည်ပင်သာယာဈေးများဌာနတို့နှင့် စားသုံးသူရေးရာဌာန (တောင်ငူ) မှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်သောအဖွဲ့သည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တောင်ငူမြို့မဈေးကြီး နှင့် ညောင်ပင်ဈေးတို့တွင် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။
နမူနာကောက်ယူစစ်ဆေးရာတွင် အရောင်ပါသော အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးပါဝင်မှု ရှိ/မရှိ၊ အသားလုံး၊ အသားပြား၊ သစ်သီး ခြောက်၊ ငါးလုံး၊ ဝက်အူချောင်း၊ ကြက်အူချောင်းတို့တွင် Borax  ပါဝင်မှု (ရှိ/မရှိ)၊ ဂျင်းနှပ်၊ ဂျင်းပြား၊ ရှမ်းချဉ်၊ ဆီးသီးခြောက်၊ စပျစ်ခြောက်၊ သစ်သီးယိုများတွင် Sulphiting Agent ပါဝင်မှု (ရှိ/မရှိ)၊ နွားနို့၊ Sea Food များတွင် Formalin ပါဝင်မှု(ရှိ/မရှိ) နှင့် အလှကုန်ပစ္စည်းများတွင် Whitening Agent ပါဝင်မှု (ရှိ/မရှိ) တို့ကို Mobile  Van ပေါ်တွင် Test Kit များအသုံးပြု၍ စစ်ဆေး ခဲ့ကြောင်းသိရှိရသည်။

မျိုးအောင် (စားသုံးသူ)၊ ပဲခူး

Local Trade News

Pages