ပဲခူးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

Wed, 12/10/2014 - 13:56 -- admin_ygn

   အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (ပဲခူးတိုင်းဒေသကြီး) ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်တွင် ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီး  ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ပါတယ်။
   အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဇော်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းအောင်၊ တိုင်းဒေ သကြီး ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လှ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စပါယ်၊ ပဲခူး တိုင်းဒေသကြီး (UMFCCI )  အလုပ်အမှုဆောင် ဦးမျိုးအောင်၊ ပဲခူးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်၊ ပဲခူးတိုင်းဒေသကြီး ပဲနှမ်းကုန်သည် များအသင်းဥက္ကဋ္ဌ ဦးမြင့်သန်း၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (ရုံးချုပ်)မှ ဥက္ကဋ္ဌ ဦးလှဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ပဲခူး တိုင်းဒေသကြီးအတွင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။
   အခမ်းအနားမှာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (ရုံးချုပ်)မှ ဥက္ကဋ္ဌ ဦးလှဦးက မိတ်ဆက်စကားပြောကြားပြီး  အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ အသင်းကြီး၏ လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားခဲ့သလို တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းရှင်များက ဆန္ဒမဲစနစ်ဖြင့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ် ငန်းရှင်များအသင်းအား နာယက ၃ ဦး၊ အလုပ်အမှုဆောင် ၂၁ ဦး၊ စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
   ယင်းနောက် ရွေးချယ်တင်မြှောက်ခံဥက္ကဋ္ဌ ဦးမျိုးအောင်၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (ပဲခူးတိုင်းဒေသကြီး) က နှုတ်ခွန်းဆက် အမှာ စကားပြောကြားပြီးအသင်းကြီးအောင်မြင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။ 

သိန်းဌေး-ပဲခူး

Local Trade News

Pages