ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာအဝယ်သာရှိ၍ အရောင်းပိတ်ပြင်ပငွေဈေးနှင့် ဗဟိုဘဏ်သတ်မှတ်ဈေးတို့ကွာဟနေသည်ဟုဆို

Thu, 12/11/2014 - 15:16 -- admin_ygn

   မြန်မာ့ငွေဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများ၌အဝယ်သာရှိပြီး အရောင်းကိုမူပိတ်ထားကြောင်းသိရသည်။ ရောင်းသည့်ငွေပမာ ဏပေါ်မူတည်၍အဝယ်ကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်းသိရသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ပြင်ပငွေဈေးနှင့် ပုဂ္ဂလိကဘဏ်များ၏ငွေဈေးနှုန်းကွာဟချက် ကြီးမားနေခြင်းကြောင့်ဖြစ်သည်ဟု ပုဂ္ဂလိကငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
   ''ဘဏ်တွေမှာ အရောင်းပိတ်ထားတယ်။ အဝယ်ကိုပဲလက်ခံတယ်။ အဝယ်ရှိသလောက်ကိုပဲ အရောင်းကိုအကန့်အသတ်နဲ့ရောင်းပေးပါတယ်။ အပြင်က ငွေဈေးက ဘဏ် ကငွေဈေးနဲ့   တော်တော်လေးကို ကွာဟနေတော့ ဘဏ်တွေက အရောင်းကိုပိတ်ထားလိုက်တဲ့သဘောပါ။ အပြင်မှာတော့ ငွေဈေးက ဒီနေ့ ဒီဇင် ဘာ ၅ ရက်ဆိုရင် ရောင်းဈေး က ၁၀၃၈ ကျပ်ရှိပြီး ဝယ်ဈေးက ၁၀၃၄ ကျပ်ရှိတယ်။ ပုဂ္ဂလိကဘဏ်တွေမှာတော့ ရောင်းဈေးက ၁၀၃၃ကျပ်၊ ဝယ်ဈေးက ၁၀၃၀ ရှိနေတယ်။ ဈေးကဟနေတော့ ဘဏ်တွေ လည်း မရောင်းရဲဘူးဖြစ်နေတာပါ''ဟု ပြင်ပငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
   ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့မှုကြောင့် ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းပေးခဲ့ရာ ငွေလဲနှုန်းများ အတန်အသင့်ကျဆင်းလာခဲ့သော် လည်း ပြင်ပငွေဈေးကွက်တွင်မူ အရောင်းရှိသလောက် အဝယ်လည်းရှိနေကြောင်းသိရသည်။ ငွေဈေးနှုန်းများမြင့်တက်လာမှုကို ထိန်းချုပ်သည့်အနေဖြင့် ဗဟိုဘဏ်သည် ပြည် တွင်းရှိ နိုင်ငံခြားငွေလုပ်ငန်းလုပ်ကိုင်နေသည့် ပုဂ္ဂလိကဘဏ်များနှင့် ပုဂ္ဂလိကငွေလဲစင်တာများအားခေါ်ယူတွေ့ဆုံ၍ ၎င်းတို့သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေး၏ ၈ ရာခိုင်နှုန်း အတွင်းသာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် ယင်းထက်ပို၍ ဈေးကစားခြင်းမပြုလုပ်ရန် ခေါ်ယူသတိပေးထားကြောင်းသိရသည်။
သိမ်ဖြူငွေလဲစင်တာတွင် ဒီဇင်ဘာ ၁ ရက်တွင် ရောင်းဈေး ၁၀၃၄ ကျပ်၊ ဝယ်ဈေး ၁၀၂၅ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင်လည်း အဆိုပါဈေးနှုန်းအတိုင်းပင်ရောင်းချလျက်ရှိ သည်။ ပြင်ပငွေလဲ စင်တာများတွင်မူ ဒီဇင်ဘာ ၁ ရက်က ရောင်းဈေး ၁၀၄၂ ကျပ်၊   ဝယ်ဈေး ၁၀၃၈  ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် ရောင်းဈေး ၁၀၃၈ ကျပ်၊ ဝယ်ဈေး ၁၀၃၄ ကျပ်ရှိခဲ့သည်။

မယ်သီတာ

Local Trade News

Pages