နှစ်ဆန်းပိုင်းကားဈေးကွက်အတွင်း အပြောင်းအလဲများရှိ၍ ကားဈေးမာလာ

Fri, 01/16/2015 - 13:13 -- admin_ygn

   နှစ်ဆန်းပိုင်း ဇန်နဝါရီလ၏  ပထမပတ်အတွင်းအခြေအနေမှာ ကားဈေးကွက်အတွင်း ပြဋ္ဌာန်းချက်အသစ်များဖြင့် အပြောင်းအလဲများရှိလာသဖြင့်  ဈေးကွက်အတွင်းအနည်း ငယ်လှုပ်ရှားလာကာ အောက်ကားလေးများ  အနည်းငယ်တက်လာပြီးအပေါ် ကားများဆယ်ဂဏန်းကျော်မြင့်တက်လာနေကြောင်းသိရသည်။
   ရန်ကုန်ကားဈေးကွက်အတွင်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ လှိုင်မြို့နယ်(ဘာတာ) ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ကားဝယ်ရောင်းအကျိုးဆောင်များမှ ပြီးခဲ့သည့် နှစ် ကုန်ပိုင်း နောက်ဆုံးပတ်တွင် သက်ဆိုင်ရာမှ ၂၀၁၄ ခုနှစ်အတွင်းယာဉ် တင်သွင်းခွင့်ပြုရက်များအား  တစ်ပတ်စောပြီး ဒီဇင်ဘာ ၂၄ ရက်နေ့  နောက်ဆုံးထားသတ်မှတ်ခဲ့ သဖြင့် နေပြည်တော်ရုံး များသာမက ရန်ကုန်ရုံးခွဲများပါ ကားစီးရေ ထောင်နှင့်ချီ၍ လိုင်စင်လာရောက် လျှောက်ထားသည်ကို တွေ့ရကြောင်း၊ ထိုအခြေအနေကိုကြည့်၍ ဈေး ကွက်တွင်းရှိ ဝယ်/ရောင်းများမှတက်နိုင်ခြေရှိကြောင်းခန့်မှန်းပြီး စလစ်များ၊ လိုင်စင်များကြိုတင်စုဆောင်းခြင်းများရှိလာဖြင့် စလစ်ဈေးတက်သွားသလို ထိုအချိန်က ဒေါ်လာဈေး လည်း ၃၀ ခန့်တက်သွားကြောင်း၊ ၎င်းတို့မှန်းဆချက်အတိုင်း နှစ်ဆန်းပိုင်းတွင် ကားလေးများ ၅ သိန်းမှ ၇ သိန်းခန့်၊ အမြင့်ကားများ သိန်း ၂၀၊ ၂၅ သိန်းခန့်တက် လာကြောင်းတွေ့ရသဖြင့် ကန့်သတ်ချက်များလေလေ ကားဈေးမာလေလေဖြစ်တတ်သည့်သဘောဟု သုံးသပ်မိကြောင်း ၎င်းတို့ထင်မြင်ချက်အား ပြောပြသွားသည်။
   စီးပွားရေးမြို့တော်ဖြစ်သော  ရန်ကုန်မြို့အတွက်   ကားတင်သွင်းခွင့်နှင့်ပတ်သက်သော ယခုနှစ်အတွက် ကန့်သတ်ချက်တစ်ခုမှာ ရန်ကုန်တိုင်းအတွင်းသာဖြစ်ခဲ့ကာ မြို့တွင်း တွင် ယာဉ်ကြောကျပ်တည်းမှုအခြေအနေပါ ထည့်သွင်းတွက်ချက်နေရသဖြင့် မတ်လနောက်ပိုင်းအပ်နှံရမည့် တက္ကစီများမှာ  အခွန်သက်သာခွင့်မရတော့သဖြင့် ရုပ်ခံကောင်းမွန် ပြီး သုံးစွဲနိုင်သည့်အဆင့်ရှိသော တက္ကစီကားများမှာ အပ်နှံမှုမပြုတော့ဘဲ ပြန်လည်ပြင်ဆင်သုံးစွဲလာနိုင်ကြောင်း မြို့တွင်းသုံး တက္ကစီသိပ်သည်းဆအရ တက္ကစီများ ထူး ထူးခြားခြားဈေးတက် မလာနိုင်ကြောင်း ၎င်းတို့မှသုံးသပ်ပြောသွားသည်။

SN

 

Local Trade News

Pages