နွေမိုးဆောင်းမပြတ် စိုက်ပျိုးနေတဲ့ ကျောက်ဆည်ပဲတီစိမ်း

Mon, 12/15/2014 - 12:48 -- admin_ygn

   မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မှာ ပဲတီစိမ်းသီးနှံကို မိုးကြိုမိုးသီးနှံအဖြစ် စိုက်ပျိုးကြပြီး တစ်တင်းကို အနိမ့်ဆုံးဈေး ၃၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀၀၀ ကျပ်ဈေးရရှိခဲ့ လို့ ယခုအချိန်တွင် ဆောင်းပဲတီစိမ်းသီးနှံ ဧက ၁၄၀၉၅ စိုက်ပျိုးပြီးစီးကြောင်းသိရပါတယ်။ ဆောင်းပဲတီစိမ်းဟာ မိုးကြို၊ မိုးပဲတီစိမ်းထက် အထွက်နှုန်းနည်းသော်လည်း အများဆုံး ၁၂ တင်းခန့်ထွက် ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ် ဝန်းကျင်သာကုန်ကျကြောင်း ရောင်းရငွေနဲ့  နှိုင်းယှဉ်ပါက အကျိုးအမြတ်ရရှိကြောင်း၊ ကျောက် ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာ၊ ဓါတ်တော်ကျေးရွာများရှိ ဆောင်းပဲတီစိမ်းစိုက်တောင်သူများထံမှသိရပါတယ်။  တစ်ဧကကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ကိုင်ရလွယ် ကူခြင်း၊ ဈေးကွက်တွင်ဈေးကောင်းရရှိ၍ အကျိုးအမြတ်များတဲ့ ပဲတီစိမ်းအား တစ်နှစ်ပတ်လုံး နွေမိုးဆောင်းသီးနှံများအဖြစ် စိုက်ပျိုးနေကြကြောင်း တောင်သူများထံမှသိရပါတယ်။

သီတာဦး-စဉ့်ကိုင်

Local Trade News

Pages