ဒေါက်တာမောင်အောင်၏ "ဖွံ့ဖြိုးစေဖို့ ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း Global Supply Chain သို့ ပိုမိုဝင်ရောက်ရေး "စာအုပ်ထွက်ပြီ

Tue, 01/06/2015 - 13:28 -- admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်၏ "ဖွံ့ဖြိုးစေဖို့ ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း Global Supply Chain သို့ ပိုမို ဝင်ရောက်ရေး"ဟု အမည်ပေးထားသည့် စီးပွားရေးဆိုင်ရာစာအုပ်ထွက်ရှိပြီဖြစ်သည်။
   အဆိုပါစာအုပ်တွင် စာရေးသူ ဒေါက်တာမောင်အောင်က Globalization ခေတ်ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် တိုးတက်ဖွံ့ဖြိုးမှုလမ်းစဉ်မှာ ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်း Global Supply Chain သို့ ထဲထဲဝင်ဝင် ဝင်ရောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ပြင်ဖွံ့ဖြိုးဆဲနိုင်ငံရှိလုပ်ငန်းများသည် Global Supply Chain  နှင့် ပေါင်းစပ်ပြီး ပို့ကုန်ဦးစားပေး စက်မှု လုပ်ငန်းများထူထောင်ခြင်းသည် ယနေ့ခေတ်၏ စက်မှုထူထောင်ရေးလမ်းစဉ်သစ်လည်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် Global Supply Chain သို့ ပိုမို ဝင်ရောက်နိုင်ရေး၊ နိုင်ငံတော်၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ လုပ်ငန်းရှင်များနှင့် လူငယ်များအပါအဝင် နိုင်ငံသားတိုင်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း" ရေးသားဖော်ပြထားသည်။ အဆိုပါစာအုပ်သည် လူငယ်များ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင် များ၊ စီးပွားရေးပညာကို လေ့လာနေသူ ကျောင်းသူ၊ ကျောင်းသားများ လေ့လာဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းသိရသည်။ အဆိုပါစာအုပ်ကို မိုးကျော်သူ စာပေဖြန့်ချိရေးမှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့် ချိမည်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းတွင် တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Local Trade News

Pages