ဈေးကွက်ပိုမိုရရှိ၍ ဈေးကောင်းရနေသော မွန်ပြည်နယ်ဒေသထွက် ကျွဲကောသီး

Thu, 10/12/2023 - 03:17 -- mocadmin

   မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပြီး မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်ရှိ မြို့နယ်အားလုံး၌ ကျွဲကောသီးများ စိုက်ပျိုးကြသည့်အနက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ၊ ရေး၊ ခေါစာမြို့နယ်များသည် ကျွဲကောသီး အများဆုံးထွက်ရှိသည့် မြို့နယ်များဖြစ် ကြောင်း၊ ကျွဲကောသီးမျိုးများတွင် ကျွဲကောသီး (အဖြူရောင်) နှင့် ကျွဲကောသီး(ပန်းရောင်)ဟူ၍ (၂) မျိုးရှိပြီး စက်တင်ဘာလနှင့် အောက်တိုဘာလများ၌ ကျွဲကောသီးများ လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မွန်ပြည်နယ်မှထွက်ရှိသည့် ကျွဲကောသီးများမှာ စားသုံးသူများ ပိုမိုစားသုံးကြသည့်အတွက် အထွက် နှုန်းနှင့် ရောင်းအား ကောင်းမွန်ကြောင်း သိရသည်။

   ကျွဲကောသီးစျေးနှုန်းဈေးကွက်အနေဖြင့် ကျွဲကောသီး(အဖြူရောင်)မှာ အရွယ်အစားအသေး/ အကြီး အပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး အသေးတစ်လုံးလျှင် ကျပ် (၅၀၀-၁,၀၀၀) အတွင်း၊ အလတ်တစ်လုံးလျှင် ကျပ် (၁,၅၀၀-၂,၅၀၀) အတွင်း၊ အကြီးတစ်လုံးလျှင် (၃,၀၀၀-၄,၅၀၀) ကျပ် အတွင်းဈေးနှုန်းရှိကြောင်း၊လက်ရှိအချိန်တွင်မော်လမြိုင်မှထွက်ရှိသောကျွဲကောသီးများမှာ ယခင်နှစ် ထက် နှစ်ဆနီးပါး ဈေးနှုန်းမြင့်တက်နေကြောင်း မော်လမြိုင်မြို့၊ ကျွဲကောသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသော ကျွဲကောသီးများကို ဒေသတွင်းစားသုံး မှုအပြင် ရန်ကုန်နှင့်မန္တလေးမြို့များနှင့် အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရ သည်။

DOCA(မွန်)

Local Trade News

Pages