ဆားထက် သကြားက လူတို့အတွက် အန္တရာယ်ပိုမိုဖြစ်ပွားစေနိုင်သည်ဟုဆို

Wed, 12/17/2014 - 11:30 -- admin_ygn

   သကြားကိုလိုအပ်သည်ထက်ပိုမိုစားသုံးခြင်းသည် ဆား စားသုံးခြင်းထက် အန္တရာယ်ပိုမိုဖြစ်ပွားနိုင်ကြောင်း ဒေးလီးမေးလ်သတင်းတွင်ဖော်ပြထားသည်။
   လူတို့ နေ့စဉ်စားသောက်နေသည့် အစားအသောက်များတွင် သကြားများကို  လိုအပ်သည်ထက် ပိုမိုထည့်သွင်းနေခြင်းကြောင့် သွေးပေါင်ချိန်မြင့်မားခြင်း၊  လေဖြတ်ခြင်း၊ နှ လုံးရောဂါများဖြစ်ပွားနိုင်ဖွယ်ရာရှိကြောင်း အဆိုပါသတင်းတွင်ပြောကြားခဲ့သည်။
   လူတို့ နေ့စဉ်စားသောက်နေသည့်  အစားအသောက်များတွင် ဆားထက်သကြားပါဝင်မှု များပြားနေခြင်းသည် လူတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်ဟုဆို သည်။
   အဆိုပါ အစားအစာများကို  နေ့စဉ်စားသုံးခြင်းကြောင့် သွေးပေါင်ချိန်များမြင့်တက်ကာ နှလုံးရောဂါနှင့် လေသင်တုန်းရောဂါများကိုဖြစ်ပွားနိုင်သဖြင့် သကြားဓာတ်အများ အပြားပါဝင်သည့် အစားအစာများကိုလျှော့၍ စားသုံးကြရန်လိုကြောင်းဖြင့် အဆိုပါသတင်းတွင်ဖော်ပြထားသည်။
   ထို့ပြင် အဆိုပါလေ့လာချက်အသစ်တွင် ဆားကိုလျှော့ စားသည့်နည်းတူ သကြားကိုလည်း လျှော့စားသင့်ကြောင်းအကြံပြုထားသည်ဟုဆိုသည်။
   ကမ္ဘာပေါ်တွင်  နှလုံးရောဂါကြောင့်  သေဆုံးသူဦးရေသည် တစ်နေ့တခြားများပြားလာသဖြင့် နှလုံးရောဂါဖြစ်ပွားမှု အခြေအနေများကိုလေ့လာခဲ့ကြောင်း၊ ယင်းကဲ့သို့လေ့လာ ရာတွင် သကြားဓာတ်များအများအပြားပါဝင်သည့် အစားအစာများကို နေ့စဉ်စားသုံးသူများသည် နှလုံးရောဂါပိုမိုဖြစ်ပွားတတ်သည်ကိုလေ့လာတွေ့ရှိရကြောင်းဖြင့် အဆိုပါ သတင်းတွင်ဖော်ပြထားသည်။
   နှလုံးရောဂါဖြစ်ပွားရသည့် အခြေခံအကြောင်းတရားမှာ  သွေးတိုးခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် သွေးတိုးရောဂါကြောင့် ၂၀၀၉  ခုနှစ်က လူပေါင်း ၃၅၀၀၀၀ နီးပါးသေဆုံးခဲ့ရပြီး အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၅၀ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်းဖြင့် အဆိုပါသတင်းတွင်ဖော်ပြထားသည်။
   သွေးတိုးမှုကို လျှော့ချရန်အတွက် ဆား စားသုံးမှုကို လျှော့ချ သို့မဟုတ် ရပ်ဆိုင်းပစ်လိုက်သော်လည်း ဆားအစားသကြားကို အစားထိုးစားသုံးခဲ့သဖြင့်  ဆီးချိုရောဂါဖြစ်ပွားမှု များလည်းမြင့်တက်လာခဲ့ကြောင်းသိရသည်။
   တစ်နေ့လျှင် ဆားကို အနည်းဆုံး သုံးဂရမ်မှ ခြောက်ဂရမ်အထိ စားသုံးပေးခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်ဟု တချို့သောအထောက်အထားများအရသိရ သည်။

 မယ်သီတာ

Local Trade News

Pages