စတုတ္ထအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲကျင်းပမည်

Wed, 12/17/2014 - 11:33 -- admin_ygn

   မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) မှ ကြီးမှူးပြီး ပြည်တွင်းရှိ စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည် ပ ဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများနှင့်ပြည်ပစားသောက်ကုန်လုပ်ငန်းများ တစ်စုတစ်ဝေးတည်း ပြသနိုင်မည့် ''စတုတ္ထအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ'' (Fourth Myanmar Food Exhibition 2015) အား ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက် နေ့အထိ နေ့စဉ် နံနက် ၉း၀၀ နာရီမှ  ညနေ ၁ရး၀၀ နာရီအထိ ၃ ရက်တိုင် တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
   အဆိုပါကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပစားသောက်ကုန်ထုတ်လုပ်သူများ၊ ပြည်တွင်းပြည်ပစားသောက်ကုန်ဖြန့်ဖြူးရောင်းချသူများ၊ ပြည်တွင်းပြည်ပစားသောက်ကုန်ထုတ် လုပ်မှုနဲ့ပတ်သက်တဲ့ စက်ကိရိယာနဲ့နည်းပညာရောင်းချသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပြည်တွင်းကုန်သည်စက်မှုအသင်းများ ပါဝင်ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ် သက်ပြီးသိရှိလိုသည်များရှိပါက အမှတ် ၂၉ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးမှာ စုံ စမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိပါတယ်။

ခင်မောင်မောင်အုန်း

Local Trade News

Pages