စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှု

Thu, 06/15/2023 - 06:27 -- comsumer

        စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ‌ ရွှေဘိုနှင့်ရေဦးခရိုင်တို့တွင် ရွှေဘိုပေါ်ဆန်းစပါးဈေးနှုန်းနှင့် ကလေးခရိုင်တွင် ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။

            ၂၀၂၃ ခုနှစ်၊ ဇွန်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀ လျှင် ကျပ်(၂၉၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ်(၁၉၅၀၀၀၀)၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရေဦးခရိုင်၊ ရေဦး မြို့နယ်မှ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၉၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင် ကျပ် (၉၀၀၀၀)၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် (၁၉၅၀၀၀၀)၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀လျှင် ကျပ်(၁၉၀၀၀၀၀)၊ ဧည့်မထ (ဆန်)‌၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ကျပ်(၁၈၀၀၀၀၀)၊ ငစိန် (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၀၀၀၀၀၀)၊ ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)တင်း ၁၀၀ လျှင် ကျပ်(၁၆၅၀၀၀၀)၊ မှော်ဘီ(၂)ဆန် ၂၄ ပြည် တစ် အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ဆင်းဧကရီ(၃) (စပါး)တင်း ၁၀၀ လျှင် ကျပ်(၁၅၀၀၀၀၀)၊ ဆင်းဧကရီ-၃ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၆၃၀၀၀)၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် (၁၇၅၀၀၀၀)၊ ဧရာမင်း(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၂၀၀၀၀၀)၊  ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၈၀၀၀၀၀)၊ ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မနောသုခ(စပါး)တင်း ၁၀၀ လျှင် ကျပ် (၁၈၀၀၀၀၀)၊ မနောသုခ(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၁၉၅၀၀၀၀)၊ ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၈၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၉၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(ပထမ)ပတ် တွင် ရန်ကုန်သို့ အိတ်ရေ (၂၄၀၀၀)၊ မန္တလေးသို့ အိတ်ရေ (၃၆၉၀၀)၊ မကွေးသို့ အိတ်ရေ (၆၀၀)၊ နေပြည်တော်သို့ အိတ်ရေ(၁၀၀၀၀)၊ ရှမ်း(တောင်)သို့ အိတ်ရေ(၈၀၀၀)၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၈၀၀၀)၊ ကချင်သို့ အိတ်ရေ(၁၅၀၀)၊ စုစုပေါင်းအိတ်ရေ(၈၉၀၀၀)အိတ်၊ တန်အားဖြင့်(၄၄၅၀) စီးထွက် ခဲ့ပြီး ယခုဇွန်လ(ဒုတိယ)ပတ်တွင် ရန်ကုန်သို့ အိတ်ရေ(၂၅၀၀၀)၊ မန္တလေးသို့ အိတ်ရေ(၂၇၃၇၀)၊ မကွေး သို့ အိတ်ရေ(၃၀)၊ နေပြည်တော်သို့ အိတ်ရေ(၉၀၀၀)၊ ရှမ်း(တောင်)သို့ အိတ်ရေ(၇၅၀၀)၊ ရှမ်း(မြောက်) သို့ အိတ်ရေ (၇၅၀၀)၊ ကချင်သို့ အိတ်ရေ (၃၀၀၀)၊ စုစုပေါင်းအိတ်ရေ (၇၉၄၀၀)အိတ်၊ တန်အားဖြင့် (၃၉၇၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၆၀၀) တန် အားဖြင့် (၄၈၀) လျော့နည်းစီးထွက်ခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages