ကြံစိုက်ပျိုးထုတ်လုပ်သူများအသင်း (ကသာဇုန်)မှ အထွက်တိုးကြံမျိုးများ တိုးချဲ့စိုက်ပျိုး

Thu, 01/08/2015 - 12:54 -- admin_ygn

   အသင်းကြီးမှ အသင်းသားများအတွက် ထွန်စက်များကို အရစ်ကျစနစ်ဖြင့် နှစ်စဉ်ဝယ်ယူလျက်ရှိပြီး စက်မှုလယ်ယာ သို့ ဦးတည်နေသလို အထွက်တိုးကြံမျိုးများကိုလည်း စိုက်ပျိုးမျိုးပွားပြီး ဖြန့်ချိလျက်ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်ကစပြီး မိရိုးဖလာမျိုးတွေအစား အထွက်တန် ၆၀ ရှိတဲ့ ုK 95/ 84 (နဝဒေး -၄) မျိုးတွေကို စမ်းသပ်စိုက်ပျိုးခဲ့ကာ ၂၀၁၄-၂၀၁၅ မှာလည်း တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ကြောင်းသိရပါတယ်။
   အတွင်းရေးမှူး ဦးလှစောက ပြီးခဲ့တဲ့လတုန်းက ကျွန်တော်တို့ကြံစိုက်တောင်သူတွေအတွက် ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့်တန်ဖိုးမြှင့်ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပေး သင်တန်း ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီမှာ ပညာရှင်တွေက အထွက်တိုးကြံမျိုးစိုက်ပုံစိုက်နည်းတွေကို လက်တွေ့ကွင်းဆင်းပြသခဲ့လို့  ရလိုက်တဲ့ ပညာတွေက တန်ဖိုးမဖြတ်နိုင်ပါ ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပုံမှန်စိုက်နေကျမျိုးနဲ့ နဝဒေး(၄)တို့ကို တစ်ဧကစီ စံပြကွက်အနေနဲ့ မနှစ်ကစိုက်ကြည့် ခဲ့တယ်။ ရိုးရိုးကတန် ၂၀ ပဲထွက်တယ်။ နဝဒေးက တန် ၆၀ လောက်ထွက်တယ်။
  ''အထွက် ၃ ဆလောက်ကွာနေတာတွေ့ရပါတယ်။ သိပ္ပံနည်းကျစိုက်ရတော့ စိုက်ပျိုးစရိတ်နည်းနည်းပိုလာပေမယ့်လည်း ကြံတောင်သူတော်တော်များများ သဘောကျပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ဧကတချို့တစ်ဝက်လောက်ပဲ ပြောင်း လဲစိုက်ပျိုးနိုင်ခဲ့တယ်။ ဒီနှစ်မှ မျိုးအတွက် ၁၈၄၂ တန် ရှိနေပါပြီ။ အဲဒါသင်တန်းကရလိုက်တဲ့အသိတွေနဲ့ လက်တွေ့ သိထား ရတာတွေပေါင်းစပ်ပြီး  နဝဒေး (၄) မျိုးကို တွင်ကျယ်စွာစိုက်ပျိုးသွားဖို့  လုပ်ဆောင်နေပါတယ်။ ဒီနှစ် ကြံခုတ်ရာသီကို ရောက်နေပါပြီ။ နှစ်စဉ်တော့ ပွက်ရည်ပိဿ     ာ ၅၁ သိန်းကျော်၊မန္တလေးဈေးကွက်ကိုတင်ပို့နိုင်ပါတယ်။ ခုဟာကရာသီအစဆိုတော့သိပ်ပြီးမတင်ပို့နိုင်သေးပါဘူး၊ တစ်ရက်မှ ၄-၅ပိုင်းလောက်ရှိဦးမယ်၊ လက်ရှိသကာရည်ပေါက်ဈေး က တစ်ပိဿ     ာ ၄၆၀ ကျပ်ပါ''လို့ ပြောပြခဲ့ပါတယ်။

စွမ်းရည်-ကသာ

Local Trade News

Pages