ကော့ကရိတ်မြို့တွင် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Wed, 12/24/2014 - 14:41 -- admin_ygn

   ကရင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှကြီးမှူး၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဘုရင့်နောင်ခန်းမ တွင် ဒီဇင်ဘာလ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
   အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
  အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးစိုးသန်းအေးက ASEAN, AFTA, AEC အကြောင်းသိကောင်းစရာများနှင့် တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) များထုတ်လုပ်ရန်လိုအပ်လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်သမဝါယမဦးစီးဌာနမှူး ဦးဌေးမြင့်အောင်က ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် သမဝါယမကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးမြမြက ပုဂ္ဂလိကစက်မှုလုပ်ငန်းများမှတ်ပုံတင်ရန် လုပ်ထုံးလုပ်နည်းများအားလည်းကောင်းအသီးသီးဆွေးနွေးခဲ့ပါတယ်။
   အလုပ်ရုံဆွေးနွေးပွဲသို့ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ကော့ကရိတ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်၊ ကျေးရွာဖွံ့ဖြိုးရေးအထောက် အကူပြုကော်မတီဝင် များ၊ လုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား ၁၃၂ ဦးတက်ရောက်ခဲ့ပါတယ်။
   ဆွေးနွေးပွဲတက်ရောက်သူများ၏ ပြန်လည်မေးမြန်းဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဆွေးနွေးရှင်း လင်းခဲ့ကြောင်းသိရပါတယ်။

အေးကျော်-ဘားအံ

Local Trade News

Pages