ကန့်ဘလူခရိုင်၏ ဆန်စီးထွက်မှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Thu, 11/02/2023 - 03:38 -- mocadmin

   ကန့်ဘလူခရိုင် အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း (၁၀၀) လျှင် ကျပ် ၃,၄၀၀,၀၀၀၊ ဧရာမင်းစပါး တင်း(၁၀၀)လျှင် ကျပ် ၃,၀၀၀,၀၀၀ နှင့် နွေစပါးရွှေဝါထွန်းစပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၈၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄) ပြည် တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀၊ ဧရာမင်းဆန် (၂၄) ပြည် တစ်အိတ် လျှင် ကျပ် ၁၂၇,၀၀၀ နှင့် ရွှေဝါထွန်းဆန် (၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၆၈,၀၀၀ ဖြစ်ပြီး ကန့်ဘလူ ခရိုင်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်၊ ကချင်ပြည်နယ်သို့ အိတ်ရေ ၅၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁,၀၀၀ အိတ်၊ တန်အားဖြင့် (၅၀) တန် စီးထွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages