ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Tue, 12/12/2023 - 04:03 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ် ကိုင်သော ‌ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြု လျက်ရှိသည်။

   ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ၏ ဒီဇင်ဘာလ၊ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်း များမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၈၈,၀၀၀)ကျပ်၊ မျှားကမ္ဘာ (50) kg တစ်အိတ်လျှင်(၇၇,၀၀၀) ကျပ်၊ ကွန်ပေါင်း (10:10:5)(50)kg တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50) kg တစ်အိတ်လျှင် (၁၆၅,၀၀၀)ကျပ်၊ ပိုတက် (50) kg တစ်အိတ်လျှင် (၁၂၃,၀၀၀) ကျပ်နှင့် ရွှေတောနစ် (၅၀၀) စီစီ တစ်ဘူးလျှင် (၁၂,၀၀၀) ကျပ်၊ မိုရယ်လ်မုန်း (၅၀၀) စီစီ တစ်ဘူးလျှင် (၂၅,၅၀၀) ကျပ်၊ ဟတ်ကာ (၅၀၀) စီစီ တစ်ဘူးလျှင် (၂၄,၅၀၀) ကျပ်၊ အေပီ-ဇာပြာ(AP-Zapya) (၅၀၀) စီစီ တစ်ဘူး လျှင် (၂၁,၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချ သည့် လုပ်ငန်းရှင်ထံမှသိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages