ထိုင်းတွင် အော်ဂဲနစ်ဆန်စိုက်ပျိုးရေး ပြန်လည်မြှင့်တင်ရန် ညွှန်ကြားထား

Fri, 05/27/2022 - 05:54 -- admin_ygn

လယ်သမားများ၏ဝင်ငွေကိုမြှင့်တင်ရန်နှင့်လယ်ယာကဏ္ဍရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်အော်ဂဲနစ်ဆန်များအရှိန်မြှင့်တင်ဆောင်ရွက်သွားရန်တာဝန်ရှိဌာနဆိုင်ရာများအားထိုင်းနိုင်ငံအစိုးရကညွှန်ကြားထားကြောင်းသိရှိရသည်။ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမြဲတမ်း အတွင်းဝန်Boonyarit Kalayanamit၏အဆိုအရ ဧပြီ၂၇ရက်တွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပဆောင်ရွက်ခဲ့သည့် အမျိုးသားဆန်စပါးမူဝါဒကောင်စီအစည်းအဝေးတွင် ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့်  အော်ဂဲနစ်ထုတ်ကုန်ဈေးနှုန်း မြှင့်တင်ရေးစီမံကိန်းဒုတိယ အဆင့် (၂၀၂၂-၂၀၂၅)တွင်လုပ်ငန်းများအားတိုးမြှင့်ဆောင်ရွက်သွားကြရန်ညွှန်ကြားခဲ့ကြောင်းသိရှိရသည်။ဝန်ကြီးချုပ်ရာယွတ်ချန်အိုချာကလယ်သမားများ၏ဝင်ငွေနှင့်လူနေမှုအဆင့်မြှင့်တင်ရန်အတွက် သုတေသန၊စိုက်ပျိုးမွေးမြူရေးနှင့်ဆန်စပါးဆိုင်ရာနည်းပညာလုပ်ငန်းများကပိုမိုမြှင့်တင်ဆောင် ရွက်သွား ကြရန်၊သက်ဆိုင်ရာဌာနဆိုင်ရာများအားတာဝန်ပေးအပ်ခဲ့ကြောင်း၊အစိုးရအနေဖြင့်ရေရှည်တွင်ဈေးနှုန်းအာမခံချက်အတွက်၎င်း၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ ချသင့်ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရသည်။အမျိုးသား ဆန်စပါးမူဝါဒကောင်စီအဖွဲ့ဝင်ဖြစ်ပြီးလယ်သမားများ၏ ကိုယ်စားလှယ်ဖြစ် သူSuthepKhongmakကအစိုးရ၏မြှင့်တင်ရေးမူဝါဒပြတ်တောက်မှုသည်အော်ဂဲနစ်ဆန်စိုက်ပျိုးမှုအတွက်အဓိကအတားအဆီးတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။၎င်းကအစိုးရအနေဖြင့်အော်ဂဲနစ်ဆန်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပထမအဆင့်(၂၀၁၇-၂၀၂၁)အတွက်အော်ဂဲနစ်ဆန်စိုက်ပျိုးသည့်လယ် သမား များအားထောက်ပံ့ရန်ဘတ်ငွေတစ်ဘီလီယံအား အစိုးရကထုတ်မပေးသေးကြောင်း ပြောကြားခဲ့သည်။အဆိုပါပထမအဆင့်မှာလယ်သမားများအား သုံးနှစ်အတွင်းလယ်ယာမြေတစ်သန်းရိုင်တွင်အော်ဂဲနစ်ဆန်စိုက်ပျိုးလာစေရန်အတွက် အားပေးမြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊အစိုးရအနေ ဖြင့် လယ်သမားများအားအော်ဂဲနစ်ဆန်စိုက်ပျိုးရေးအဆင်ပြေစေရန်အတွက်ပထမနှစ်တွင်မြေတစ်ရိုင်လျှင်ဘတ်၂၀ဝ၀ထောက်ပံ့ရန်၊ ဒုတိယနှစ်တွင်မြေတစ်ရိုင်လျှင်ဘတ်၂၀ဝ၀ထောက်ပံ့ရန်၊တတိယနှစ်တွင် မြေတစ်ရိုင်လျှင်ဘတ်၄၀ဝ၀ထောက်ပံ့ရန် ကတိပြုထားခဲ့ကြောင်းသိရှိရသည်။အမျိုးသား ဆန်စပါး မူဝါဒကောင်စီအနေဖြင့်ယခုနှစ်အတွင်းအော်ဂဲနစ်ဆန်စိုက်ပျိုးရေးအတွက်ထောက်ပံ့ငွေဘတ်၁၄၆သန်းအားအတည်ပြုပေးခဲ့ကြောင်း၊ဈေးကွက်ရရှိရေးနှင့်အရည်အသွေးစံချိန်စံညွှန်းတိုးတက်ရေးအတွက်တောင်သူလယ်သမားများအားအကူအညီပေးရန်အစိုးရဌာနဆိုင်ရာများအားညွှန်ကြား ထားကြောင်း သိရှိရသည်။
လွင်မျိုးဇော်(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဗန်ကောက်မြို့။

International Trade News

Pages