ဂျုံနှင့်စားအုန်းဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့်  ထိပ်တန်းကုမ္ပဏီများ အခက်ကြုံ

Fri, 05/27/2022 - 04:46 -- admin_ygn

ရုရှား-ယူကရိန်းပဋိပက္ခ၏သက်ရောက်မှုနှင့်အင်ဒိုနီးရှားနိုင်ငံ၏ကမ္ဘာသို့စားအုန်းဆီတင်ပို့ရန်ကန့်သတ်မှု၏နောက်ဆက်တွဲအဖြစ်ကမ္ဘာ့စားအုန်းဆီနှင့်ဂျုံဈေးများ မြင့်တက်လာခြင်းကြောင့်တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့်ထိပ်တန်းကုမ္ပဏီများဖြစ်ကြသောNongshimနှင့် Ottogi  ကုမ္ပဏီတို့သည် အခက်ကြုံတွေ့လျက်ရှိကြသည်။အဆိုပါကုမ္ပဏီနှစ်ခုသည်၎င်းတို့၏ စားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရန်အတွက်ကိုမူ အထူးသတိပြု ဆောင်ရွက်နေကြောင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာသဖြင့် ဈေးတက်သင့်သော်လည်း ခေါက်ဆွဲခြောက်သည် တောင်ကိုရီးယားနိုင်ငံ၌ လူသုံးများသည့် စားသောက်ကုန်ဖြစ်၍ ဈေးတက်ရေးကိုမူ အထူးသတိထားရကြောင်း၊သို့ဖြစ်၍ကုမ္ပဏီများ၏လုပ်ငန်းလည်ပတ်မှုတွင် အမြတ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။Nongshimသည် ၎င်း၏အသင့်စားခေါက်ဆွဲများ၏ဈေးနှုန်းကိုယခင်နှစ် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် နောက်တစ်လအကြာတွင် Ottogi က  ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ဖူးသည်။ ၎င်းသည်Nongshim၏ခုနစ်နှစ်အတွင်း ပထမဆုံး ဈေးနှုန်းတက်ခဲ့ခြင်းဖြစ်ပြီးဥအအသါငအနေဖြင့် ၁၃နှစ်အတွင်းပထမဆုံးအကြိမ် ဈေးတက်ခဲ့ခြင်းဖြစ်သည်။ Korea Rural Economic Institute  ၏စာရင်းများအရ Chicago Mercantile Exchange ၌ ၂၀၂၁ ခုနှစ်တွင် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၉၀ ရှိခဲ့သော ဂျုံဈေးနှုန်းသည် ၂၀၂၂ ခုနှစ်ဇန်နဝါရီလတွင်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၂၈၀ ဖြစ်ပေါ်ခဲ့ပြီး၂၀၂၂ ခုနှစ်မေလတွင်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၃၈၀ သို့ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊စားအုန်းဆီဈေးနှုန်းအနေဖြင့်၂၀၂၁ခုနှစ် မေ ၁ရက်တွင်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၉၀ဝ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မတ် ၁ရက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၁၉၃၉ ဒေါ်လာအထိသို့ မြင့်တက်လာခဲ့ကြောင်း၊ ထို့နောက် ၂၀၂၂ ခုနှစ် မေ ၁ ရက်တွင် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁၇၇၆ဒေါ်လာသို့ပြန်လည်ကျဆင်းခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။ Nongshimကုမ္ပဏီအနေဖြင့်လက်ရှိတွင်စားအုန်းဆီနှင့် ဂျုံနှစ်မျိုးစလုံးအတွက် လုံလောက်သောကုန်သိုလှောင်မှုရှိသေးကြောင်း၊ သို့ရာတွင်မကြာမီ ခြောက်လအတွင်းကုန်ကြမ်းပြတ်လတ်မှု ဖြစ်ပေါ်နိုင်ကြောင်း၊ ခေါက်ဆွဲခြောက်အားလတ်တလောရေတိုကာလတွင်ဈေးနှုန်းမတက်ဘဲဆက်လက်ရောင်းချပေးသွားမည်ဖြစ်သော်လည်းမမျှော်လင့်ထားသောသက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက်ကြောင့်ကမ္ဘာတစ်ဝန်းရှိစားအုန်းဆီနှင့်ဂျုံပြတ်လပ်မှုအခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိကြောင် းNon gsh im ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။  
ဝင်းပပသူ(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ ဆိုလ်းမြို့။

International Trade News

Pages