လွယ်ဂျယ်မှ မျှစ်စို၊ ချင်းရွှေဟော်မှ မျှစ်ခြောက်တရုတ်နိုင်ငံသို့တင်ပို့

Tue, 10/30/2018 - 06:39 -- admin_ygn

       အောက်တိုဘာ ၆ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၃၉၈ တန်ဖိုးရှိ မျှစ်စို ၂၈ တန် ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၇၈၆ တန်ဖိုးရှိမျှစ်ခြောက် ၂၉ တန်ကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တရုတ်နိုင်ငံသို့ မျှစ် တင်ပို့မှုမရှိဘဲ စက်တင်ဘာလ တတိယပတ်က လွယ်ဂျယ်မှ မျှစ်စို ၈ တန် နဲ့ ချင်းရွှေဟော်မှ မျှစ်ခြောက် ၁၄၆ တန် တင်ပို့ခဲ့ ကြောင်း ၊ မျှစ်စိုတစ်တန် လိုင်စင်ဈေးမှာ အမေရိကန်ဒေါ်လာ ၈၅ ခန့်ရှိပြီး မျှစ်ခြောက် တစ်တန်ရဲ့ လိုင်စင်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၃၄ ရှိကြောင်းသိရပါတယ်။
မော်မော်အောင်

Border Trade News

Pages