ရွှေဖြစ်နေတဲ့ ရွှေသခွားမွှေး

Wed, 02/21/2018 - 06:37 -- admin_ygn

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ   တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ  ကျန်ပြည်နယ်များသို့  တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော သခွားမွှေးများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတင်ပို့ရောင်းချနေပြီး တရုတ်နိုင်ငံ ရဲ့ ဈေးကွက်မှာလည်း ရွှေသခွားမွှေးကို ဈေး ကွက်ဝင်သီးနှံအဖြစ် ရောင်းဝယ်လျက် ရှိကြပါ တယ်။သခွားမွှေးများကိုမန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့တွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးတဲ့ အမျိုးအစားတွေကတော့ ပိုက်ကွက် သခွားမွှေး (ဝူခုံး)၊ ရွှေသခွားမွှေး၊ ဖရဲသခွားမွှေး ဟူ၍ သုံးမျိုးရှိပြီး သခွားမွှေးစိုက် တောင် သူများ အနေနဲ့လည်း တရုတ်ဈေးကွက်ဝင် သီးနှံဖြစ် လာတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက် ပျိုးလာကြောင်း   သိရှိရပါတယ်။  သခွားမွှေး   အမျိုးအစားအလိုက် ဈေးနှုန်းများမတူညီကြ ကြောင်းသိရှိရပြီး မြန်မာနို င်ငံ မှ  ထွက်ရှိတဲ့ ရာသီပေါ်သီးနှံများအနက် သခွားမွှေး တင်ပို့ မှုဟာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီတွေမှာ အများဆုံးတင်ပို့ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကို ကြည့်မယ်ဆိုရင် ဧပြီလမှ ဇန်နဝါရီလအထိ သခွားမွှေး ၄၄၄၁၅ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၇၁ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ဧပြီလမှ ဇန်နဝါရီလအထိ ၅၆၉၃၇ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁၅ သန်း တင်ပို့ နိုင်ခဲ့တာကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမို တင်ပို့နိုင်ကြောင်း တွေ့ရှိရပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ သခွားမွှေး တစ်တန်လျှင် ပျမ်းမျှအနိမ့်ဈေး  ယွမ် ၁၅၀၀၊ အမြင့်ဈေးယွမ် ၈၅၀၀ ရရှိပြီး ၂၀၁၈ ခုနှစ် ဇန်န ဝါရီလတွင် တစ်တန်လျှင် ပျမ်းမျှအနိမ့်ဈေး ယွမ် ၁၀၀၀၊ အမြင့်ဈေးယွမ် ၆၂၀၀ ရရှိ ခဲ့ေ ကြာင်း သိရှိရပါတယ်။ သခွားမွှေးအမျိုးအစားအလိုက် ဈေးနှုန်းတွေကတော့ ရွှေသခွားမွှေးမှာ တစ် တန် ယွမ် ၅၀၀၀ မှ ယွမ် ၆၀၀၀၊ ပိုက်ကွက်သခွား မွှေး (ဝူခုံး) မှာ တစ်တန်လျှင် ယွမ် ၃၀၀၀ မှ ယွမ် ၆၂၀၀၊ ဖရဲ သခွားမွှေး တစ်တန်လျှင်ယွမ် ၃၀၀၀ မှ ယွမ် ၆၀၀၀ ရရှိကြောင်းကိုလည်း  သိရှိရပါ တယ်။
အရည်အသွေးကောင်းတဲ့ သခွားမွှေး ဆိုရင်တော့ လုဝယ်နေတဲ့  အနေအထားရှိပြီး အခုရက်ပိုင်းအတွင်း အဝယ်လိုက်တဲ့ပိုက်ကွက် သခွားမွှေး (ဝူခုံး) တစ်တန်လျှင် ကုန်ကျစရိတ်မှာ ကျပ်ရှစ်သိန်းကျော်၊ တစ်ဖက်နိုင်ငံ သို့ရောင်း ရ ငွေမှာ ကျပ်ကိုးသိန်းကျော် ရရှိတဲ့အတွက် တစ်တန်လျှင် အမြတ်ငွေ ကျပ်တစ်သိန်းကျော် ရရှိကြောင်း  သိရှိရပါတယ်။ တရုတ်နိုင်ငံ နယ်စပ်မြို့ဝမ်တိန်မှတစ်ဆင့်   တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိပြီး တရုတ် ကုန်သည်တွေက မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်သို့လာရောက်၍   အရည်အသွေးပေါ် မူတည်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ် များ ပြုလုပ်လျက်ရှိပါတယ်။
တောင်သူများအနေဖြင့် သခွားမွှေးစိုက် ပျိုးခြင်းဖြင့် ဝင်ငွေများရရှိပြီး အကျိုးစီးပွားတိုး တက်လျက်ရှိသဖြင့်   အရည်အသွေးကောင်း ပါက ဈေး ကောင်းရရှိကြောင်းသိရသည့်အတွက် သစ်သီးဝလံကုန်စည်ဒိုင်များမှ  စိုက်ပျိုး ထုတ် လုပ်ကြတဲ့ တောင်သူများကို အသိပညာပေး မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါ တယ်။ သခွားမွှေး  အရောင်းအဝယ်ပြုလုပ်ရာ တွင် ပွင့်လင်းမြင်သာမှု ရှိပြီး အရည်အသွေးပေါ် မူတည်၍ ကြိုက်ရောင်း  ကြိုက် ဝယ် စနစ်ဖြင့် ရောင်းချလျက်ရှိခြင်း၊ အသင်းအဖွဲ့၊ အဖွဲ့အစည်း လုပ်ငန်းရှင်ကြီးများမှအစ  အလယ် အလတ် ကုန်သည်ငယ်များအထိ ရောင်း ဝယ်လုပ်ကိုင် နိုင်တဲ့ အခွင့်အလမ်းများရှိနေပြီး   စိုက်ပျိုးသူ တောင်သူများ ကိုယ် တိုင်  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်သို့ လာရောက်ရောင်းချနိုင် တာကြောင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ ဈေးကွက် တစ်ခုတည်းကိုပဲ မှီခိုအားထားမနေဘဲ အခြား ပြည်ပနိုင်ငံ ဈေးကွက်များကို ထိုးဖောက်တင်ပို့ နိုင်ရန်အတွက် အရည်အသွေးမီ သီးနှံများ ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်သူတောင်သူ များမှလည်း နည်းပညာများလေ့လာပြီး စဉ် ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရွှေ သခွားမွှေး မှရွှေသီးနေတာကြောင့်  အရည် အသွေးကောင်းမွန်တဲ့ ရွှေသခွားမွှေးများ စိုက် ပျိုးကြရန် တိုက်တွန်းလိုက်ရပါတယ်။                    
မောင်မောင်အေး(မူဆယ်)

 

 

Border Trade News

Pages