ရခိုင်ပြည်နယ်အတွင်း ကမာမွေးမြူရေးလုပ်ကွက် ၁၅၀ဝ၀ကျော်အထိ တိုးလာ

Tue, 08/02/2022 - 06:43 -- admin_ygn

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ကမာမွေးမြူ ရေးလုပ်ကွက် ၁၅၀ဝ၀ ကျော်အထိ တိုးလာကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။    ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ ကျောက်ဖြူနှင့်ဂွမြို့နယ်တို့တွင် ကမာမွေးမြူရေးလုပ်ကွက်ပေါင်း ၁၅၀ဝ၀ ခွဲခန့် စမ်းသပ်မွေးမြူခဲ့ရာ ထိန်း သိမ်းစောင့်ရှောက်စရိတ်သာ ကုန်ကျခဲ့ပြီး အစားအစာစရိတ်မကုန်ခဲ့သည့် အတွက် ယခုထပ်မံ၍  လုပ်ကွက်ပေါင်း ၁၅၀ဝ၀ ခွဲကျော်အထိ မွေးမြူလုပ် ကိုင်လာခြင်းဖြစ်ကာ လက်ရှိတွင် လုပ်ကွက်ပေါင်း၃၀ဝ၀ဝကျော်အထိရှိလာပြီဖြစ်ကြောင်း  ယင်းဌာနမှ  တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။    “ဒီကမာတွေအတွက်   အစားအစာကို  ရေမြေသဘာဝကနေ  ရရှိတဲ့ အတွက် အစာဖိုးကုန်ကျစရိတ် အရမ်းသက်သာပါတယ်။ မြစ်၊ ချောင်းတွေ ကနေ  မျောပါလာတဲ့ကပ်ပါးမိုးမွှားတွေကိုအစာအဖြစ်ကျွေးရတာပါ။အစာ စရိတ်  ကုန်ကျမှုမရှိတဲ့အတွက် စမ်းသပ်မွေးမြူတာ  အခုအချိန်မှာ အောင် မြင်လာပြီဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ကမာများကိုမြစ်ဝ၊ ချောင်းဝများတွင် ဖောင်ဖွဲ့၍  မွေးမြူရခြင်း ဖြစ်သောကြောင့် တစ်ပိုင်တစ်နိုင်မွေးမြူမှုများလာသည့်အတွက် လုပ်ကွက် များတိုးလာခြင်းဖြစ်သည်ဟုဆိုသည်။    ရေထွက်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်နေသည့် ရခိုင်ပြည် နယ်အနေဖြင့် ၎င်းတို့ဒေသထွက်ကုန်များအား ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားပြည်နယ်နှင့်တိုင်းများထံ   ဖြန့်ဖြူးတင်ပို့နေခြင်းဖြစ်ကာ အဓိက ဝယ်ယူစားသုံးသည့်နေရာများမှာ ဟိုတယ်၊  မိုတယ်နှင့်စားသောက်ဆိုင် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ ယင်းပြည်နယ်ထွက် ကမာကောင်များ ကို လက်ရှိ၌ ရန်ကုန်ဈေးကွက်တွင်  ဝယ်ယူမှုများပြားလာသော်လည်း လိုအပ်သလောက် ဈေးကွက်ထဲသို့   တင်ပို့ပေးနိုင်သည့်အခြေအနေမရှိ သေးကြောင်း သိရသည်။ ထိုကမာကောင်များကို ဈေးကွက်အတွင်းအကောင်လိုက် ရောင်းချမှု ရှိသလို  အသားခွာ ၍ ရောင်းချမှုများလည်းရှိကာ တစ်ကောင်လျှင်  ကျပ် ၉၀ဝ မှ ၁၅၀ဝ ကြား ပေါက်ဈေးရှိနေကြောင်း သိရသည်။လက်ရှိတွင် ရခိုင်ဒေသမှထွက်ရှိသည့်ကမာကောင်များကိုပြည်တွင်း ၌သာ ရောင်းချနေပြီး နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း  သိရ သည်။    

 

Border Trade News

Pages