မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန်တင်ပို့

Thu, 05/31/2018 - 09:42 -- admin_ygn

မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅  ဒသမ ၅၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၆၈၂၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၇၈၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၆၁ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၈ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း ၁၂၅ တန်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ငါးမှုန့်၊ မွေးပုစွန်၊ သဲကဏန်း၊ ကင်းမွန်လိပ် ၂၁၅၄ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ပုစွန်၊ အခြားရေထွက်ပစ္စည်း၊ ရေဘဝဲ၊ ကဏန်း၊ ပင်လယ်ငါးရှဉ့် ၄၅၄၁ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                                    

မျိုးဇော်

Border Trade News

Pages